လက်ကျန်နနွင်းများရှိနေလို့ ရှမ်းနနွင်းသစ်ဈေးကွက်အဝင်နည်း

   ရှမ်းနနွင်းအသစ်တွေလည်း ဈေးကွက်မှာ ခပ်များများတော့မဝင်လာသေးပါဘူး၊ နနွင်းက ချင်းလိုမျိုးဖော်ပြီး ချက်ချင်းရောင်းလို့မရဘဲ၊ နေလှန်း၊ ပြုပ်ခြောက်လုပ်ပြီး ချောမှ သာ ဈေးကွက်ကို ဝင်ရတာကြောင့် ပေါ်ကာစမှာ ခပ်များများ မရှိ သေးပါဘူး။

   လက်ကျန်နနွင်းတွေကလည်း  အတော်များများကျန်နေသေးလို့ အသစ်မကြိုက်ရင်လည်း အဟောင်းတွေနဲ့ အရောင်းအဝယ်ကလည်းပုံမှန်တော့ ဖြစ်နေပါ တယ်။ နနွင်း အသစ်တွေက အဝင်မများသေးဘဲ ၅ ရက်တစ်ဈေးကို ပိဿ      ာချိန် သုံးထောင်၊ လေးထောင်ခန့်သာ အဝင်ရှိနေတယ်လို့ သိရပါတယ်။

  လက်ကျန်နနွင်းဟောင်းတွေကိုလည်း ဈေးမေးသမားရှိနေပေမဲ့ ပွဲရုံတွေကတော့ကြိုက်ဈေးမရလို့မရောင်းကြသေးဘူးလို့လည်းသိရပါတယ်။ ဒီနှစ် နနွင်းဈေးနှုန်းကတော့ ဈေး သိပ်မဆိုးဘူးလို့သိရပါတယ်။ ရောင်းသူ၊ ဝယ်သူနှစ်ဖက်ကြိုက်ဈေးရတယ်လို့ဆိုပါတယ်။

   ဆင်တောင်နနွင်းကိုတော့ တရုတ်ဝယ်လက်တွေက ကြိုက်ပြီး ရိုးရိုးနနွင်းတွေကိုတော့ အိန္ဒိယဝယ်လက်တွေကကြိုက်တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ကို ဝင်လာ တဲ့ နနွင်းသစ်တွေရဲ့ဈေးကတော့ ဆင်တောင်နနွင်းက ၁၄၀၀ ကျပ်-၁၅၀၀ ကျပ်၊ တောင်ပို့လ (ထိပ်စ) က ၁၃၀၀ ကျပ်-၁၄၀၀ ကျပ်-၁၄၅၀ ကျပ်၊ ဟိုပုံးစက ၁၃၀၀ ကျပ်ဈေးရှိပါ တယ်။ ဆင်တောင်နနွင်းဟောင်းကတော့  တစ်ပိဿ     ာ ၁၆၀၀ ကျပ်-၁၇၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေကသိရှိရပါတယ်။

ဧဧခိုင်-တောင်ကြီး