ခရမ်းချဉ်သီးမျိုးစေ့များ တောင်ကိုရီးယားသို့တင်ပို့

   မြန်မာနိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် နိုင်ငံတော်ရဲ့ ပို့ကုန်ကဏ္ဍတွင် လယ်ယာထွက်ကုန်ပစ္စည်းအများဆုံးတင်ပို့နိုင်တာကို တွေ့ရှိရ မှာဖြစ်ပါတယ်။

   ယခုအခါ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူအရည်အသွေးမြင့်မားသောမျိုးစေ့များကိုပါ ပြည်ပသို့တင်ပို့နိုင်နေပြီဖြစ်ပါတယ်။ Nongwoo Seed Myanmar ကုမ္ပဏီနှင့် Sea Field Industries ကုမ္ပဏီတို့ဟာ ပြင်ဦးလွင်နဲ့နောင်ချိုမြို့နယ်တို့မှာ စိုက်ပျိုးရေးခြံများနဲ့ စက်ရုံများတည်ဆောက်ကာ ခရမ်းချဉ်သီးမျိုးစေ့များ ထုတ်လုပ်၍ တောင်ကိုရီး ယားနိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ ခရမ်းချဉ်သီးမျိုးစေ့ရဲ့ အရည်အသွေးအပေါ်မူတည်၍  တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၄၀၀၀ အထိ ဈေးနှုန်းရရှိသဖြင့် ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အပင်မှထွက်ရှိသောသီးနှံနှင့်မျိုးစေ့များ ပြည်ပသို့တင်ပို့ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ပိုးမွှားကင်းစင်ကြောင်း လက်မှတ် ပါရှိရန်လိုအပ်ပါတယ်။ ယခုကဲ့သို့ ဈေးကောင်းရရှိသည့် မျိုးစေ့များတင်ပို့ခြင်းဖြင့် နိုင်ငံတော်ရဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးကို အထောက်အကူပြုစေလျက်ရှိပါကြောင်း  သတင်းကောင်းပါးလိုက်ရပါတယ်။

  ဇန်နဝါရီလအတွင်းမှာ ၁ ကီလိုဂရမ်လျှင် ကန်ဒေါ်လာ ၄၀၀၀ နှုန်းနဲ့ ၆၅ ကီလိုဂရမ်ကျော် ကန်ဒေါ်လာ ၂၇၀၀ နှုန်းနဲ့ ၃ ဒသမ ၇၀ ကီလိုဂရမ်အသီးသီးတင်ပို့ရန် လိုင် စင်လျှောက်ထားမှုရှိခဲ့တယ်လို့သတင်းရရှိပါတယ်။

MIRT (DCCA)