ကြက်သွန်ဖြူသည် သွေးတိုးဖြစ်ပွားမှုအား ထိန်းချုပ်ပေးနိုင်

  ကြက်သွန်ဖြူစားသုံးခြင်းဟာ နှလုံးရောဂါနဲ့ ကျန်းမာရေးအတွက်သက်လုံကောင်းစေတယ်ဆိုတာတော်တော်များများ စာစောင်တွေမှာထုတ်ဝေထားပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံ The First Affiliated Hospital  of Soochow University နဲ့ အဖွဲ့ဟာ ကြက်သွန်ဖြူအမှုန့်၊ နှစ်ချို့ကြက်သွန်ဖြူအနှစ်၊ ကြက်သွန်ဖြူအဆီတို့ကိုတိုက်ကျွေးပြီး သွေးတိုးထိန်း ချုပ်နိုင်မှုကို လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။ လေ့လာသူများက ကြက်သွန်ဖြူဖြည့်စွက်စာများကိုအသုံးပြုပြီး စမ်းသပ်လေ့လာမှုပြုရာမှာ ကြက်သွန်ဖြူဖြည့်စွက်စာ တစ်ရက်ကို ၃၀၀ မှ ၉၀၀ မီလီဂရမ်နှုန်းနဲ့ သွေးတိုးရောဂါဝေဒနာခံစားနေသူများကို တိုက်ကျွေးပေးခြင်းဖြင့် Systolic သွေးတိုးကို  ၃ ဒသမ ၇၅ mmHg ထိလည်းကောင်း၊ Diastolic သွေးတိုးကို  ၃ ဒသမ ၃၉ mmHgထိ လည်းကောင်းလျှော့ချနိုင်ခဲ့ပါတယ်။ သုတေသီများကတော့ ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်ဖြူဖြည့်စွက်စာများကို မှန်မှန် စားသုံးပေးခြင်းအားဖြင့် သွေးတိုးဝေဒနာသည်များရဲ့ သွေးတိုးမှုများကို ထိန်းကျောင်းပေးနိုင်တဲ့အတွက် ပုံမှန်စားသုံးပေးသင့်တဲ့ ဖြည့်စွက်စာဖြစ်ကြောင်း ထောက်ခံပြောဆိုကြ ပါတယ်။

ရှင်ပါဂူ