ဗီယက်နမ်စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနဲ့ IRCo မှ အမှုဆောင်အရာရှိချုပ်တို့တွေ့ဆုံ

   ဖေဖော်ဝါရီလ ၄ ရက်နေ့က IRCo မှ အမှုဆောင်အရာရှိချုပ်သည် ဗီယက်နမ်နိုင်ငံသို့သွားရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းရေးဌာန၊ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.To.Viet Chau ဦးဆောင်သော တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့ပါတယ်။

  ITRC နဲ့ IRCo ရဲ့ နောက်ခံသမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်နေမှုများနဲ့ စပ်လျဉ်းပြီး အမှုဆောင်အရာရှိချုပ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမှာကျင်းပမဲ့ အစည်းအဝေးကိုဖိတ်ကြားခဲ့တယ်လို့သိရပါတယ်။ ဗီယက်နမ်နိုင်ငံဟာ သဘာဝရော်ဘာအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး စုစုပေါင်း ရော် ဘာစိုက် ဟက်တာ သုည ဒသမ ၉၇ သန်းရှိပါတယ်။

CMK