Viber Message ပေးပို့၍ Ads.com.mm တွင် အခမဲ့ကြော်ငြာနိုင်

   Ads.com.mm သည် Viber ကို အသုံးပြု၍ မိမိကြော်ငြာချင်သည့် မိမိ၏ကုန်ပစ္စည်းများကို အခမဲ့ကြော်ငြာနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

   Ads.com.mm သည် မြန်မာနိုင်ငံ၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး ယခု Viber Message ကို အသုံးပြု၍ ကြော်ငြာနိုင်သည့် ဝန်ဆောင်မှုအသစ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

  မြန်မာနိုင်ငံတွင် ယခုအခါ၌ အွန်လိုင်းအသုံးပြုသူပေါင်း ၁ ဒသမ ၅သန်း ကျော်အထိရှိလာပြီး ၂၀၁၅ ခုနှစ်ကုန်တွင် Viber အသုံးပြုသူအရေအတွက်မှာ ပိုမိုမြင့်တက် လာနိုင်ကြောင်းသိရသည်။

   Ads.com.mm မှ Head of Public Relation  ဖြစ်သူ Mr Ellijah Htang က ''ကျွန်တော်တို့ Ads.com.mm အကြောင်းကို အသေးစိတ်သိချင်တဲ့သူတွေအတွက် အလွယ် တကူအသုံးပြုလို့ရတဲ့ Network တစ်ခုကိုထပ်တိုးလိုက်တာပါ။ ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ လက်ရှိမှတ်ပုံတင်ပြီးကြော်ငြာဖို့အတွက် အီးမေးလ်မရှိသေးသူတွေအနေနဲ့ ဝက်ဘ် ဆိုက်က Content Developer တွေနဲ့ဆက်သွယ်ပြီး Viber မှတစ်ဆင့် ကိုယ်ရောင်းချင်တဲ့ ပစ္စည်းဓာတ်ပုံ၊ အကြောင်းအရာတွေကို အပြည့်အစုံပေးပို့ပြီး ဒီဝက်ဘ်ဆိုက်မှာ အခမဲ့ကြော်ငြာတင်ပြီးရောင်းနိုင်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့သူတွေအနေနဲ့လည်း အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရင် Viber ကနေ မေးမြန်းနိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

Ads.com.mm ကို Viber ဖြင့်ဆက်သွယ်ရမည့်  ဖုန်းနံပါတ်မှာ ၀၉၂၅၄၄၂၉၅၈၈ ဖြစ်ကြောင်းသိရသည်။

မယ်သီတာ