ပြည်စားတော်ပဲ လက်လီသာ အရောင်းအဝယ်ဖြစ်ပေမယ့် ဈေးကောင်းရ

   ပြည်ဈေးကွက်အတွင်းမှာ အခြားပဲများကဲ့သို့  လက်လီ၊ လက်ကားအရောင်းအဝယ်သွက်ပေမယ့် ဈေးအမြင့်နဲ့ ဒေသတွင်း လက်လီသမားများဖြင့်သာ အဝယ်ရှိတဲ့ ပဲကတော့ စားတော်ပဲသီးနှံဖြစ်ပါတယ်။

   စားတော်ပဲသီးနှံမှာ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိမှုလည်းအနည်းငယ်သာရှိခဲ့ပြီး အခြားတိုင်းသို့တင်ပို့နိုင်ခြင်းမရှိခဲ့ပါ။ ပဲဈေးကတော့ ဈေးကွက်အတွင်းမှာ နှစ် စဉ် ဈေးကောင်းရလျက်ရှိပြီး  ယခင်နှစ်မှာလည်း တစ်တင်း ၂၅၀၀၀ ကျပ်ဖြင့် လက်လီသာရောင်းချရလို့ တစ်ရက် ၁၀ အိတ် -၁၅ အိတ်ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါ တယ်။

ခင်ဆွေဝင်း-ပြည်