၂၀၁၄ခုနှစ်အတွင်း Huawei Consumer Business Group ၏ ဝင်ငွေ ၁၂ ဘီလီယံကျော်ရရှိခဲ့

   Huawei Consumer Business Group က ၂၀၁၄ခုနှစ်၏ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန်ကြေညာခဲ့ရာတွင် ၂၀၁၄ခုနှစ်အတွင်း စုစုပေါင်းဝင်ငွေ၏ ၃၀ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း Huawei Business Group ၏သတင်းထုတ်ပြန်ချက်များအရသိရသည်။ Huawei Consumer Business Group အနေဖြင့် ၂၀၁၄ခုနှစ် အတွင်း ဝင်ငွေ ၁၂ ဒသမ ၂ဘီလီယံ အထိ ရရှိခဲ့ပြီးပထမဦးဆုံးအကြိမ်အဖြစ် ၁၀ ဘီလီယံကျော်အောင် ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

   ပြည်ပတင်ပို့မှုတွင် ၇ ဒသမ ၈ရာ ခိုင်နှုန်းသို့မြင့်တက်ခဲ့ပြီး ၂၀၁၄ခုနှစ် အတွင်း စမတ်ဖုန်းအလုံးပေါင်း ၇၅သန်း အပါအဝင် ၁၃၈မီလီယံအထိတင်ပို့ခဲ့ရသည်ဟုဆိုသည်။

   ''ကျွန်တော်တို့ရဲ့နည်းဗျူဟာဖြစ်တဲ့ mid to high end နည်းဗျူဟာများကြောင့် ဈေးကွက်ဝေစုတွေ ပိုမိုရရှိလာပြီး သိသာထင်ရှားတဲ့အောင်မြင်မှုကတော့ ၂၀၁၄ ခုနှစ်အတွင်းမှာ Interbrand ရဲ့ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ စာရင်းမှာ ဖော်ပြခြင်းခံရတဲ့ ပထမဆုံးတရုတ်ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်လာခဲ့ပါတယ်''ဟု ံHuawei Consumer BG  ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ရစ်ချတ်ယုက ပြောကြားခဲ့သည်။

   ထို့ပြင် Huawei Consumer BG ၏ အကောင်းဆုံးပစ္စည်းများအနက်တစ်ခုဖြစ်သည့် Huawei P7 သည် ဈေးကွက်အတွင်း မိတ်ဆက်ပြီးခြောက်လအကြာတွင် တစ်ကမ္ဘာလုံး သို့တင်ပို့မှု လေးသန်းအထိရောက်ရှိခဲ့ပြီး Huawei mate 7 သည်လည်း ၂၀၁၄ ခုနှစ်စက်တင်ဘာလအတွင်းမိတ်ဆက်ခဲ့ပြီး သုံးလအကြာတွင်နှစ်သန်းကျော်အထိတင်ပို့ရောင်း ချနိုင်ခဲ့သည်။ IPSOS မှ ကောက်ယူထားသောနိုင်ငံ ၃၂နိုင်ငံပါဝင်သည့် စစ်တမ်းများအရ Huawei အမှတ်တံဆိပ်၏လူသိများမှုသည် ၂၀၁၃ခုနှစ်တွင် ၅၂ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၄ခုနှစ်တွင် ၆၅ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့သည်။

MTD