တိရစ္ဆာန်ဖြည့်စွက်စာ (Animal Feed Supplement) များတင်သွင်းရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးချုပ်စစ်ဆေးထောက်ခံချက်လို
တစ်ဖက်နိုင်ငံမှ တိရစ္ဆာန်ဖြည့်စွက်စာ (Animal Feed Supplement) များတင်သွင်းမည်ဆိုပါက ခရိုင်ဦးစီးရုံးထောက်ခံချက်နဲ့တင်သွင်းခြင်းမပြုဘဲ ရုံးချုပ်ဓါတ်ခွဲခန်း စစ်ဆေးထောက်ခံချက်နဲ့သာ လျှောက်ထားရမယ်လို့သိရပါတယ်။
စိုက်ပျိုးရေးထွက်ကုန် အပင်နဲ့ အပင်ထွက်ပစ္စည်းတင်ပို့တင်သွင်းရာမှာလည်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနက ထုတ်ပေးတဲ့ အပင်ပိုးမွှားရောဂါကင်း ရှင်းကြောင်း ထောက်ခံချက်လက်မှတ် (PC-Phytosanitary Certificate) ပါရှိမှသာတင်ပို့ခွင့်ပြုရန်နဲ့ တင်သွင်းလာတဲ့ အပင်နဲ့ အပင်ထွက်ပစ္စည်းများ ဝင်ရောက်လာချိန်မှာ သက်ဆိုင်ရာမူရင်းနိုင်ငံကထုတ်ပေးတဲ့ အပင်ပိုးမွှားကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် PC နဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပေးတဲ့တင်သွင်း ခွင့်ထောက်ခံချက် (IC) ပါရှိမှသာ တင်သွင်းခွင့်ပြုသွားမယ်ဆိုတာကို ကုန်သည်လုပ်ငန်းရှင်များ၊ အေးဂျင့်များနားလည်သဘောပေါက်အောင် မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံက အသိပေးရှင်းလင်းချပြခဲ့တယ်လို့သတင်းရရှိပါတယ်။
MIRT (DCCA)