ဈေးဆက်ကျနေတဲ့ ပြည်ဆီထွက်သီးနှံဈေးကွက်
ယခုတစ်ပတ် ပြည်ဈေးကွက်မှာဆီထွက်သီးနှံဈေးဆက်ကျနေတာတွေ့ရပါတယ်။ ပေါင်းတည်၊သာယာဝတီနဲ့ မြန်အောင်ဘက်မှ နှမ်းအိတ်တစ်နေ့ကို ၁၀၀၀ခန့်ဝင်ရောက်သော် လည်း ဝယ်လက်ကနည်းနေပြီး ဈေးကွက်မှာ နှမ်းများရှိနေတာကြောင့် ဈေးကျလာခြင်းဖြစ်ပါတယ်။ မန္တလေးဝယ်လက်များနဲ့ ဆီစက်များကလည်း တစ်နေ့အိတ် ၅၀၀ ခန့်သာ အဝယ်ရှိလို့ အရောင်းအဝယ်မပျက်ပေမယ့် ဈေးအနည်းငယ်ကျလာခြင်းဖြစ်ပါတယ်။ နှမ်းဈေး မှာ နှမ်းနီသစ်တစ်တင်း ၂၅၀၀၀ ကျပ်၊ ဆောင်းနှမ်းနက်တစ်တင်း ၃၃၀၀၀ ကျပ် နဲ့ နှမ်း နီအဟောင်းတစ်တင်း ၃၀၀၀၀ ကျပ်၊ နှမ်းနက်အဟောင်း တစ် တင်း ၆၀၀၀၀ ကျပ်ဈေးနဲ့ ယခုတစ်ပတ်ပြည်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဈေး ကျသလို၊ ဆီဈေးလည်းလာသဖြင့် ယခုနှစ်က တပို့တွဲလထမနဲပွဲမှာ အလှူအတန်းလုပ်သူများ နှမ်းဆီနိုင်နိုင်နဲ့လှူဒါန်းနိုင်ကြမှာဖြစ်ပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿ ာ ၄၈၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။
ဝေေ၀မင်း-ပြည်