ရန်ကုန်ဝယ်လက်ရှိလို့ ဈေးငြိမ်အရောင်းသွက်တဲ့ ပြည်ပဲစင်းငုံဈေးကွက်

   ဇန်နဝါရီလကုန်ပတ်မှာ ပဲဈေးကွက်အတွင်းသို့ ပဲစင်းငုံသစ်များ အများ အပြားဝင်ရောက်လာပြီး ပန်းတောင်း၊ ကံမ၊ ပေါက် ခေါင်း၊ ရွှေတောင်နယ်စုံမှ  အိတ် ၉၀၀ ကျော်အထိ ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

  ဝယ်လက်အနေဖြင့် လှောင်လက်သမားများ ဝယ်ယူမှုမရှိခဲ့ဘဲ ရန်ကုန်ဝယ်လက်မှ အဝင်ရှိသလောက် ဝယ်ယူနေတဲ့အတွက် အိတ် ၈၀၀ ကျော်၊ ၉၀၀ နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။

   ပဲဈေးနှုန်းကတော့ ယခင်တစ်ပတ်ကအတိုင်းသာ တစ်တင်း ၂၅၇၀၀ ကျပ်ဖြင့် ဈေးငြိမ်ငြိမ်နဲ့ အရောင်းအဝယ်သွက်ခဲ့ပါတယ်။

ခင်ဆွေဝင်း-ပြည်