မွန်ပြည်နယ်ဒေသထွက်ကုန်နဲ့ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ရုံးမှဦး ဆောင်ကျင်းပတဲ့ ၂၀၁၅ ဒေသထွက်ကုန်နဲ့ကုန်စည်ပြပွဲ Trade Fair and Regiona; Product Expo (Mon State) ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်ခန်းမမှာ ဇန်နဝါရီလ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မွန်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှုအသင်းဥက္ကဌနဲ့ အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဌနဲ့ အမှုဆောင်အဖွဲ့ဝင် များ၊ ကုန်သည်လုပ်ငန်းရှင်များနဲ့ ဧည့်သည်တော်များ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ၊  မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ မွန်ပြည်နယ် ကုန်သည်/စက်မှုအသင်းဥက္ကဌ ဦးလှရှိန်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြခန်းအတွင်း ပြသထား တဲ့ ဒေသထွက်ကုန်များအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပါတယ်။

  မွန်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအနေဖြင့် ဒေသထွက်ကုန်နဲ့ကုန်စည်ပြပွဲကို ဒေသထွက်ကုန်များရဲ့ အရည်အသွေးနဲ့အရေအတွက် တိုးတက်မြင့်မားလာ ပြီး ဈေးကွက်ဝင်ရောက်နိုင်စွမ်း ပိုမိုရရှိစေရန်၊ ဒေသ ထွက်ကုန်များနဲ့ သုံးစွဲကုန်စနစ်များအား တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာခွင့်ရရှိခြင်းဖြင့် ထုတ်လုပ်သူလုပ်ငန်းရှင်များ သာမက သုံးစွဲသူပြည်သူများပါ စိစစ်ရွေးချယ်အကဲဖြတ်ခွင့်ရရှိစေရန်၊ ဈေးကွက်ဝင်ရောက်ချဲ့ထွင်နိုင်ရေး နည်းလမ်းများအနက် ကုန်စည်ပြပွဲခင်းကျင်းပြသခြင်းနည်း လမ်းဖြင့်ဆောင်ရွက်တဲ့ အလေ့အထဖွံ့ဖြိုးတိုးတက်စေရန်၊ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ ပိုမိုတိုးတက်ဆောင် ရွက်လာစေရန် ရည်ရွယ်ပြီးကျင်းပခြင်း ဖြစ်ကြောင်းသိရပါတယ်။

  အဆိုပါပြပွဲမှာ ဒေသတွင်းကုမ္ပဏီလုပ်ငန်းရှင်များရဲ့ ဒေသထွက်ကုန်များဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး အခြေခံသီးနှံထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ သစ်နဲ့ဝါးအခြေခံ ထုတ်ကုန်များ၊ တွင်းထွက်ပစ္စည်းအခြေခံ ထုတ်ကုန်များ၊ ရိုးရာအထည်ထုတ်ကုန်များနဲ့ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန်များကို ပြခန်းပေါင်း ၁၄ ခန်း၊ မွန်ပြည်နယ်ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မွန်ပြည်နယ် သစ်သီးဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းနဲ့ မွန်ပြည်နယ်ပဲမျိုးစုံ၊ ပြောင်းနဲ့နှမ်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့မှ ပြခန်း ၄ ခန်းနဲ့ အခြားပြခန်း ၆ ခန်း၊ စုစုပေါင်း ၂၄ ခန်း ခင်း ကျင်းပြသထားပြီး ကုန်စည်ပြပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၄ မှ ၂၅ ထိ ကျင်းပပြသခဲ့ရာ မွန်ပြည်နယ်ရဲ့ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက် အကူပြုနိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်။

စိုးမြင့်-မော်လမြိုင်