သာယာဝတီခရိုင်အတွင်း ရေလိုက်မတ်ပဲတွေပေါ်

   ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မိုးညို၊ ဇီးကုန်းမြို့နယ်တွေမှာ ရေလိုက်မတ်ပဲများပေါ်နေပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်ထိ သာယာဝတီမြို့နယ်မှာ မတ်ပဲ ၈၀၈ ဧက ရိတ်သိမ်းထားပြီး  ဈေးနှုန်းမှာ ပိဿ    ာ၂၀ တစ်တင်းကို ၂၈၀၀၀ ကျပ်၊ လက်ပံတန်းမြို့ နယ်မှာ ၅၉၉ ဧက ရိတ်သိမ်း ထားပြီး ဈေးနှုန်းမှာ ၂၈၂၀၀ ကျပ်၊ မိုးညိုမြို့နယ်မှာ ၉၆၇ ဧက ရိတ် သိမ်းပြီးစီး၍ ဈေးနှုန်းမှာ ၂၆၈၀၀ ကျပ်၊ ဇီးကုန်းမြို့မှာ ၇၅၀ ဧက ရိတ်သိမ်းထား ပြီးဈေးနှုန်းမှာ  ၂၇၇၀၀ ကျပ်တို့ဖြင့် အဝယ်ဒိုင်များဖွင့်၍ဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။

   ကာလတူ ယခင်နှစ်က သာယာ ဝတီမြို့နယ်မှာ ပိဿ     ာ၂၀ ဝင် တစ်တင်း  ၂၂၀၀၀ ကျပ်၊    လက်ပံတန်းမြို့ နယ်မှာ ၂၄၀၀၀ ကျပ်၊ မိုးညိုမြို့နယ်မှာ ၁၇၀၀၀ ကျပ်၊ ဇီးကုန်း မြို့နယ်မှာ ၁၉၀၀၀ ကျပ်ဖြစ်ပြီး၊ ပဲလက်ကျန်များရှိနေတာကြောင့် ဈေးအေးပြီး ယခုနှစ်မှာ ပဲလက်ကျန်အခြေအနေကြောင့် ဈေးပေးဝယ်ယူခြင်းဖြစ်တယ်လို့ ဈေးကွက်ကသိရပါ တယ်။

ခင်ခင်ထိုက်-လက်ပံတန်း