ကမ္ဘောဒီးယားနိုင်ငံတွင် ပြသမည့် 9th Cambodia Import-Export & One Province One Product (CIE & OPOP) ပြပွဲ

   9th Cambodia Import-Export& One Province One Product (CIE & OPOP) ပြပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင် ပင်မြို့ရှိ Koh Pich Exhibition and Convention Center တွင် ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါပြပွဲသည် စီးပွားရေးဖိုရမ်၊ ကုန်သွယ်ရေးတိုးမြှင့်မှုနှင့် ကုန်သွယ်ချိတ်ဆက်မှုအစီအစဉ်များကဲ့သို့သော မဟာဗျူဟာကျကျဆောင်ရွက်ထားသည့် အစီအစဉ်များနှင့်အတူ ကမ္ဘောဒီးယားပြည်သူများနှင့် နိုင်ငံခြားကုန်သည်များ၊ ကုန် ထုတ်လုပ်သူများ၊ ရင်းနှီးမြုှပ်နှံသူများအကြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြသနိုင်ရန် စီးပွားရေးနှင့် ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ အကျိုးစီးပွားကိစ္စရပ်များကိုဆွေးနွေးနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ရရှိမည်ဖြစ်သည်။

   စိတ်ပါဝင်စားသည့် မြန်မာ့လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ (ကုန် စည်ပြပွဲဌာနစိတ်)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းသတင်းရရှိပါသည်။  

ဥမ္မာကြူ  (IT)