ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံ မျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို မြစ်သားမြို့နယ် အတွင်း ၁,၃၆၉ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ငရုတ်သီးကို မေလတွင် စိုက်ပျိုး၍ စိုက်ပျိုးပြီး ၄ လခန့်အကြာတွင် ခူးဆွတ်ရကြောင်း၊ ၆၉၂ မျိုး၊ သာမိုမျိုးနှင့် ဒီမွန်မျိုးများကို စိုက်ပျိုးကြကြောင်း၊ မျိုးစေ့ကို ပျိုးထောင်၍ ငရုတ်ပျိုးပင်သက် တမ်း ၁ လသားအရွယ်တွင် ပင်ခြားတန်းခြား တစ်ပေခြားဖြင့် စိုက်ဘောင်၌ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်းခန့်ကုန်ကျ၍ ယခင် နှစ်က ငရုတ်သီးအခြောက် ပိဿာချိန် ၄၀၀-၅၀၀ ခန့်ထွက်ရှိကြောင်း၊ ယခုအချိန်တွင် ငရုတ်စိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်သီးထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ငရုတ်စိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
DOCA (မန္တလေး)