ကျောက်ဆည်မြို့နယ်၌ ခရမ်းချဉ်သီးနှံ စိုက်ပျိုးမှုနှင့် ဈေးကွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ သည် ဆည်ရေသောက်ဒေသတွင်ရှိသည့်အတွက် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည့် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် မျိုးစေ့ကို ဘောင်ဖြင့် ပျိုးထောင်ပြီး ၂ လသားကျော်အရွယ်တွင် မြေချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်သီးနှံကို ၂-၃ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး သက်တမ်းအားဖြင့် ၃ လခန့် ခူးဆွတ်ရ ကြောင်း၊ တစ်ဧကလျှင် ခရမ်းချဉ်သီးပိဿာချိန် ၂,၂၅၀-၂,၃၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ဒေသတွင်းရောင်းချမှုအပြင် ကျောက်ဆည်နှင့် မန္တလေးမြို့တို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ခရမ်းချဉ်သီးဈေးနှုန်း ကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
DOCA (မန္တလေး)