ရုံးပတီသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
ရုံးပတီသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ် သော ရုံးပတီသီးနှံကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုး လာကြကြောင်း သိရသည်။
ရုံးပတီသီးကို ရာသီမရွေး စိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် စတင်ခူးဆွတ်ရ ကြောင်း၊ မျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများရှိပြီး ပင်လတ်ရုံးပတီမျိုးများကို အများ ဆုံးစိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် မျိုးစေ့ ၈ ထုပ်ခန့် ကုန်ကျကြောင်း၊ တန်းခြား ၃ ပေ၊ ပင်ခြား ၁ ပေ- ၁ ပေခွဲ ထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခ အပါ အဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃,၀၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို ၂ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ဧကလျှင် ရုံးပတီသီးအတောင့်ရေ ၁၇၅,၀၀၀ တောင့်ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ဒေသတွင်းသို့ ပြန်လည်ရောင်းချကြကြောင်း၊ ရုံးပတီသီးသည် စိုက်ပျိုးရလွယ်ကူပြီး ရာသီမရွေး စိုက်ပျိုးနိုင်သည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြောင်း တောင်သူတစ်ဦးထံ မှ သိရသည်။
DOCA (ပဲခူး)