မြင်းခြံမြို့နယ်၌ ပဲပုပ်သီးနှံစိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီး

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲပုပ်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ မြင်းခြံမြို့နယ်အတွင်း ပဲပုပ်သီးနှံကို ၆,၂၀၀ ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံး  ရာနှုန်းပြည့် ရိတ်သိမ်းပြီးဖြစ်ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ပဲပုပ်သီးနှံကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးပြီး ၅ လခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ပဲပုပ်သီးနှံကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုး၊ လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆၅၀,၀၀၀ ခန့် ကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၂ တင်းခန့်ထွက်ရှိပြီး တောင်သူများမှ မြင်းခြံမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကာ အကျိုးအမြတ်များ ရရှိလျက်ရှိကြောင်း ပဲပုပ်စိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA (မန္တလေး)