ရွှေဖရုံသီးနှံ စိုက်ပျိုးမှုနှင့် ဈေးကွက်

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ရွှေဖရုံသီးနှံကို မိသားစုအပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ ယခုအချိန် တွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

    ရွှေဖရုံသီးကို ရာသီမရွေး စိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး ၄ လခန့်အကြာတွင် အသီးများ စတင်ခူး ဆွတ်ရောင်းချရကြောင်း၊ ဘူးသီးဖရုံမျိုးနှင့် ရွှေဖရုံမျိုး(အဝါရောင်)များကို စိုက်ဘောင်ပြုလုပ်၍ အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၆ သိန်းခန့်ကုန်ကျပြီး အလုံးရေ ၄,၀၀၀ ကျော်ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်ဒေသ တွင်း ရောင်းချမှုအပြင် မန္တလေးမြို့သို့ တင်ပို့ရောင်းချကာ အကျိုးအမြတ်များ ရရှိကြောင်း ဖရုံသီးနှံ စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

DOCA (မန္တလေး)