ကျောက်ဆည်မြို့နယ်၌ ပဲတောင့်ရှည် (ခေါ်) တစ်လပဲ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံများအပါအဝင် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ပဲတောင့်ရှည် (ခေါ်) တစ်လပဲ သီးနှံကို စိုက်ပျိုးကြကြောင်း သိရသည်။
ပဲတောင့်ရှည်(ခေါ်)တစ်လပဲသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး တစ်လခန့်အကြာတွင် အသီး များ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင်မျိုးများကို ဘောင်ခတ် စနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကြပြီး ပဲညွန့်များထွက်ပေါ်ချိန်တွင် တိုင်ထောင်ပေးရကြောင်း၊ မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ၃ သိန်းကျပ်ခန့် ကုန်ကျပြီး ပိဿာချိန် ၃၅၀-၄၀၀ ပိဿာခန့်ထွက်ရှိရာ သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်း များ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှု များရှိသည့်အပြင် အချို့တောင်သူများမှလည်းကျောက်ဆည်မြို့ရှိ ကုန်စိမ်းလက်ကားဆိုင်များသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကြောင်း၊ စျေးနှုန်း ကောင်းမွန်သောကြောင့် ပဲတောင့်ရှည် (ခေါ်) တစ်လပဲသီးနှံ စိုက်ပျိုးတောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရသည်။
DOCA (မန္တလေး)