မြင်းခြံခရိုင်၌ ပဲစင်းငုံသီးနှံ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲစင်းငုံသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ ခရိုင်အတွင်း ပဲစင်းငုံ သီးနှံစိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် ၅,၈၉၃ ဧက၊ တောင်သာမြို့နယ်တွင် ၁၈,၉၃၁ ဧက၊ နွားထိုးကြီးမြို့နယ်တွင် ၇၉,၂၆၁ ဧက၊ စုစုပေါင်း ၁၀၄,၀၈၅ ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခုအချိန်တွင် စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန စာရင်းများအရ သိရသည်။

          ပဲစင်းငုံသီးနှံကို မေလနှင့်ဇွန်လများတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် ရိတ် သိမ်းရကြောင်း၊ ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ထွန် ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် ပဲစင်းငုံရွှေဒင်္ဂါးမျိုးများကို စိုက်ပျိုးကြကြောင်း၊ မြေပြုပြင်ခြင်း၊ သွင်းအားစု၊ မျိုးစေ့နှင့် လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ,၀၀၀ ခန့်ကုန်ကျ ပြီး တစ်ဧကလျှင် ပျမ်းမျှ ၈-၉ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ မြင်းခြံ မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်မြို့၊ ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (မန္တလေး)