ရွှေ‌တောင်မြို့နယ်၌ ဖရဲသီးနှံများ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ အကျိုးအမြတ်ရရှိ

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စုတွင် လယ်ယာစိုက် ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ဖရဲ သီးနှံကို  ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ဖရဲသီးနှံကို အောက်တိုဘာတွင် စတင်စိုက်ပျိုးကြပြီး ၃ လခန့်အကြာ ဇန်နဝါရီလမှစတင်၍ ဖရဲသီးများ ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ဖရဲ- ၆၁၁ မျိုးများကို သဲနုန်းမြေများတွင် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၆ သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် ရောင်းတန်းဝင် ဖရဲသီးအလုံးရေ,၅၀၀ လုံးခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့်  ဖရဲစိုက်ခင်းများအား ပွဲစားများထံသို့ အခင်းပြတ်ရောင်းချကြပြီး ပွဲစားများမှ ရန်ကုန်-ပြည် ကားလမ်း ဘေးတွင် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရောင်းချကြသည့်အပြင် ပြည်မြို့၊ ရွှေတောင်မြို့၊ ဝက်ထီးကန်မြို့နှင့် မှော်ဇာမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။

DOCA (ပဲခူး)