ကျောက်ဆည်ခရိုင်၌ ကြက်သွန်နီ(ဆောင်း)သီးနှံများ လှိုင်လှိုင်ထွက်ပေါ်ကာ အရောင်းအဝယ်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကသဲကုန်း၊ သိုတန်၊ ငါးမြွေကုန်း၊ ပင်းချားနှင့် လက်ဝဲရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကို ကျောက်ဆည်မြို့နယ်၌ ၈,၉၇၅ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၃,၅၁၅ ဧက၊ မြစ်သားမြို့နယ်၌ ၁၅,၅၃၀ ဧက၊ စုစုပေါင်း ၂၈,၀၂၀ ဧက စိုက်ပျိုး ထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရပြီး ယခုအချိန်တွင် ကြက်သွန်နီ(ဆောင်း)များ လှိုင်လှိုင်ထွက်ပေါ်ကာ စျေးကွက်အတွင်း ဝင်ရောက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ကြက်သွန်နီ(ဆောင်း) စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင်သက်တမ်းရင့်ချိန်တွင် ဘောင်ခတ်စနစ်ဖြင့် မြေချစိုက်ပျိုးရကြောင်း၊ မျိုးအနေဖြင့် မြစ်သားရွှေဖလားမျိုးမှန်နှင့်‌ ရွှေဖလား ထိပ်မောက်မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၃၂ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် စုစုပေါင်း ၂,၄၀၀-၂,၅၀၀ ပိဿာခန့်ထွက်ရှိပြီး မြေဆီလွှာကောင်းမွန်မှုနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အလုံး များသန့်၍ အထွက်နှုန်းပိုမိုကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှု များရှိသည့်အပြင် တောင်သူများမှာလည်း ကျောက်ဆည်မြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ‌ကြောင်း ကြက်သွန်နီစိုက် တောင်သူ တစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)