မုံရွာမြို့နယ်ရှိ ကီလိုမာလကာသီး စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ် သည့် ကီလိုမာလကာသီးကို ဘုမ္မနိုးကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကီလိုမာလကာသီးနှံအား အစိုဓာတ်ကောင်းစွာရရှိသည့် စက်တင်ဘာလနှင့် အောက်တိုဘာလ များတွင် စိုက်ပျိုးကြကြောင်း၊ ၇-၈ လသားအရွယ်ရှိ ကိုင်းကူးပျိုးပင်(အကြီး) တစ်ပင်လျှင် ၂,၀၀၀ ကျပ်၊ ပျိုးပင်(အသေး) တစ်ပင်လျှင် ၁,၀၀၀-၁,၅၀၀ ကျပ်ဖြင့် ဝယ်ယူ၍ ပင်ခြား၊ တန်းခြား ၈ ပေ အကွာဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် အပင်ရေ ၃၅၀ ခန့်စိုက်ပျိုးရကြောင်း၊ အသီးကင်းများ စတင် ချိန်တွင် အားဆေး၊ ပိုးသတ်ဆေး ၂ ကြိမ်ခန့် ဖျန်းပေးရပြီး အသီးကင်းများ အနည်းငယ်ကြီးထွားလာ ပါက စက္ကူအကြည်အိတ်များဖြင့် စွပ်ပေးရကြောင်း၊ ကီလိုမာလကာပင်များ တစ်နှစ်သားအရွယ်ခန့် တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၅၀ ခန့်ကုန်ကျကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ ကီလိုမာလကာ တစ်ပင်သည် တစ်နှစ်လျှင် အလုံးရေ ၁၅၀-၂၀၀ ခန့်ထွက်ရှိပြီး တစ်ဧကလျှင် အလုံးရေ ၄၈,၀၀၀-၅၀,၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ပွဲစားများမှလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး မုံရွာသစ်သီးဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
DOCA (စစ်ကိုင်း)