အထက်မင်းလှမြို့နယ်တွင် ပဲစင်းငုံသီးနှံများ စတင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ ညောင်ပင်သာ၊ မယ်ဇလီတော၊ ဇီးတောစသည့်ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပဲစင်းငုံသီးနှံများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ပဲစင်းငုံသီးနှံများ စတင်ရိတ်သိမ်း လျက်ရှိကြောင်း သိရသည်။
ပဲစင်းငုံသီးနှံကို ဇူလိုင်လတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလ၊ ပထမပတ်မှ စတင်၍ ရိတ်သိမ်း လျက်ရှိကြောင်း၊ ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ပဲစင်းငုံ အနီ မျိုးများကို တစ်ဧကလျှင် မျိုးစေ့ ၂ ပြည်ခန့် စိုက်ပျိုးရကြောင်း၊မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ ရိတ်သိမ်းခ၊ လုပ်သားခအပါအဝင်တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၁၀-၁၂ တင်း ခန့်ထွက်ရှိရာ မြေအနေအထားနှင့် သီးနှံအထွက်နှုန်းအပေါ် မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ပြည်တွင်း ဈေးကွက်အနေဖြင့်မင်းလှမြို့ပေါ်ရှိ ပွဲရုံများသို့ ရောင်းချပြီး ထိုမှတစ်ဆင့် မကွေးမြို့နှင့် ရန်ကုန်မြို့တို့သို့ ရောင်းချကြကြောင်း၊ ပြည်ပဈေးကွက် အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။
DOCA (မကွေး)