ကျောက်ဆည်မြို့နယ်၌ ကီလိုမာလကာသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရ

        မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်လွှဲ၊ တောင်နောက်၊ သံရွာ၊ သံနောက်နှင့် အရှေ့သပြေကုန်းကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြ ပြီး သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေ ရရှိပြီး ဈေးကွက်ဝယ်လိုအားရှိ သည့် ကီလိုမာလကာသီးနှံများကိုလည်း ယာမြေများတွင် အများဆုံး စိုက်ပျိုးလာကြကြောင်း သိရ သည်။

          ကီလိုမာလကာပင်များကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ကီလိုမာလကာစိုက်ပျိုးရာတွင် ကိုင်းကူးမျိုးစိုက်ပျိုးမှုနှင့် မျိုးစေ့စိုက်ပျိုးမှုဟူ၍ စိုက်ပျိုး ကြပြီး ကိုင်းကူးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကီလိုမာလကာ တစ်ပင်နှင့် တစ်ပင် အကွာအဝေး ၁၅ - ၁၆ ပေခြား၍ တစ်ဧကလျှင် ၃၅၀ ပင်ခန့် စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၂၀ ကျပ်ခန့် ကုန်ကျ ကြောင်း၊ စိုက်ပျိုးပြီး ၂ နှစ်ခန့်အကြာတွင် အသီးများစတင်ခူးဆွတ်ရောင်းချရပြီး ကီလိုမာလကာသီး များကို တစ်နှစ်ပတ်လုံး ရရှိနိုင်ကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင်အတွက် ပျမ်းမျှအလုံးရေ ၁၀၀-၁၂၀ ခန့်ထွက်ရှိပြီး တစ်ဧကအတွက် ပျမ်းမျှအလုံးရေ ၃၅,၀၀၀ လုံးခန့်ထွက်ရှိကြောင်း၊ လက်ကားဈေး တစ်လုံးလျှင် ငွေကျပ် ၃၀-၃၅ နှုန်းဖြင့် ရောင်းချရပြီး တစ်နှစ်လျှင် စုစုပေါင်းငွေကျပ် ၈၅ သိန်းခန့် အမြတ် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်ဒေသတွင်း ရောင်းချမှုအပြင် အခြားမြို့နယ်များသို့ လည်း တင်ပို့ရောင်းချကြောင်း သိသည်။

DOCA (မန္တလေး)