ရွှေတောင်မြို့နယ်တွင် ကျောက်ဖရုံသီးကို မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ ဝင်ငွေရ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးကို အိမ်ခြံဝင်းနှင့် မြေလွတ် နေရာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
ကျောက်ဖရုံသီးကို ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင် ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ကြဲပက်စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြကြောင်း၊ ကျောက်ဖရုံသီး ထွက်ပေါ်ချိန်တွင် တစ်လလျှင် ၄ ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်လျှင် ကျောက်ဖရုံသီး အလုံးရေ ၅၀ ခန့် ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် ၃ လခန့်အကြာထိ ခူးဆွတ်နိုင်ပြီး စင်တစ်စင်လျှင် ကျောက်ဖရုံသီး အလုံးရေ ၆၀၀ ကျော် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ကျောက်ဖရုံသီး စိုက်ပျိုးရာတွင် အဓိကကုန်ကျစရိတ်မှာ ကျောက်ဖရုံစင်ဖြစ်ပြီး စင်တစ်စင်အတွက် ငွေကျပ် ၂ သိန်းခန့်နှင့် မျိုးစေ့နှင့် သွင်းအားစုအပါအဝင် ကုန်ကျစရိတ်စုစုပေါင်း ငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံသီး တစ်လုံးလျှင် ၂,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးငွေကျပ် ၇ သိန်းခန့် အမြတ် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် ပြည်မြို့များသို့ တင်ပို့သည့်အပြင် ဒေသတွင်းနှင့် မြို့နယ် အတွင်းရှိ ဖရုံယိုလုပ်ငန်းများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကျောက်ဖရုံစင်တစ်စင်ကို၃ နှစ် ခန့်အထိ အသုံးပြုနိုင်သောကြောင့် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိသည့်အတွက် တောင်သူ များအနေဖြင့် ကျောက်ဖရုံသီးကို နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)