မအူပင်မြို့နယ်၌ အာတာလွတ် (ခေါ်) သင်ဥ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိ
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်၊ လေးမိုင်ကျေးရွာတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး အာတာလွတ်(ခေါ်)သင်ဥကိုတစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးကြကြောင်း၊ အာတာလွတ်(ခေါ်)သင်ဥကို ယခင်နှစ်က ဧက ၅၀ ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ဧက ၆၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။
အာတာလွတ် (ခေါ်) သင်ဥကို ဇွန်လတွင် စတင်စိုက်ပျိုးပြီး ၅ လကျော်အကြာ နိုဝင်ဘာလ တွင် စတင်တူးဖော်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မြေပြုပြင်၍ ပင်ကြားတန်းကြား ၆ ပေ၊ ၈ ပေခြား စိုက်ပျိုးရပြီး တစ်ဧကလျှင် အပင်ရေ ၄ သောင်းခန့် စိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈ သိန်းခန့် ကုန်ကျ ကြောင်း၊ တစ်ဧကလျှင် အာတာလွတ်(ခေါ်)သင်ဥ ပိဿာချိန် ၄၀၀ ခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၃,၅၀၀ ဖြင့် ရောင်းချရသည့်အတွက် ငွေကျပ် ၆ သိန်းခန့်အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ဒေသတွင်းရောင်းချမှုအပြင် ပုသိမ်၊ အိမ်မဲနှင့် ရန်ကုန်မြို့တို့သို့ အဓိကတင်ပို့ရောင်းချကြောင်း သိရှိရသည်။
DOCA (ဧရာဝတီ)