အထက်မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာ၌ ဖူးစားပြောင်း(အဖြူ)မျိုးများ စိုက်ပျိုးလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထန်းကိုင်း ကျေးရွာတွင် ဖူးစားပြောင်း(အဖြူ) ၂၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   ဖူးစားပြောင်း(အဖြူ)ကို အောက်တိုဘာလ၊ တတိယပတ်တွင် စတင်စိုက်ပျိုးပြီး ထွန်ကြောင်း ဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကာ နှစ်လခွဲအကြာတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမည့်မျိုးစေ့ကို အထက်မင်းလှမြို့ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ တစ်ဘူးလျှင် ငွေကျပ် ၅၈,၀၀၀ ဖြင့် ဝယ်ယူရပြီး တစ်ဧကလျှင် မျိုးစေ့ ၆ ဘူးခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအတွက် ယခင်နှစ်က တစ်ဧကလျှင် မျိုး၊ လုပ်သားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းငွေကျပ် ၄ သိန်းခန့် ကုန်ကျခဲ့ပြီး ယခုနှစ် တွင် သွင်းအားစုစရိတ် မြင့်တက်လာသောကြောင့် ငွေကျပ် ၅ သိန်းခွဲခန့် ကုန်ကျကြောင်း၊ ယခင်နှစ် က တစ်ဧကလျှင် ပြောင်းဖူး အဖူးရေ ၅,၀၀၀ အထိ ထွက်ရှိခဲ့ကြောင်း၊ ဈေးနှုန်းအနေဖြင့် ဖူးစား ပြောင်း(အဖြူ) တစ်ဖူးလျှင် လက်ကားဈေးနှုန်း ၃၅၀ ကျပ် ရရှိခဲ့ပြီး တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်း ကျော် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှ-သရက်ကားလမ်းဘေးရှိ ပြောင်းဖူး ဒိုင်များသို့ တင်ပို့ရောင်းချရပြီး ယခုနှစ်တွင်အထွက်နှုန်းကောင်းမွန်၍ အကျိုးအမြတ်ပိုမိုရရှိရန် မျှော်လင့်ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)