ကျောက်ဆည်ခရိုင်တွင် နှံစားပြောင်းသီးနှံများရိတ်သိမ်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊‌ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးလျက်ရှိရာ စီးပွားဖြစ်ဝင်ငွေတိုးသော နှံစားပြောင်းသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ကျောက်ဆည်ခရိုင်အတွင်းတွင် နှံစားပြောင်းစိုက်ဧက စုစုပေါင်း ၄,၂၀၅ ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် ၂,၈၄၁ ဧက၊ မြစ်သားမြို့နယ်တွင် ၁,၃၆၄ ဧကဖြင့် စိုက်ပျိုးနိုင်ခဲ့ကာ ကျောက်ဆည်မြို့နယ်တွင် ၈၀၁ ဧက ရိတ်သိမ်းပြီးစီးကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။ 

နှံစားပြောင်းကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလ၊ လဆန်းပိုင်းတွင် စတင်ထွက်ရှိ ကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ထွက်တိုးနီမျိုးဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ် ၂၅၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၃၅-၄၀ တင်းခန့် ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် နိုဝင်ဘာလ၊ ပထမပတ်တွင် တစ်တင်းလျှင် ၃၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ပြီး တစ်ဧကလျှင် ငွေကျပ် ၉၅၀,၀၀၀ ကျပ်ခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ် ပွဲရုံများသို့ ရောင်းချပြီး ထိုမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ နှံစား ပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစားအစာများ ဖူလုံသည့်အပြင် ပြောင်းရိုးများကိုလည်း အခင်းပြတ်ရောင်းချရသဖြင့် အပိုဝင်ငွေများရရှိသောကြောင့် နှံစားပြောင်းသီးနှံကို နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)