ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီ (ဥ) စိုက်များ စတင်စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုး လျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကို တောင်သူများအနေဖြင့် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီချိန်တွင် ဒေသတွင်း ကြက်သွန်နီဈေးနှုန်းမြင့်တက်လျက်ရှိ သောကြောင့် ကြက်သွန်နီ () စိုက် တောင်သူများ စိုက်ပျိုးမှုများပြားပြီး စိုက်ဧက ၁၀၀၀ ခန့် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၈၀-၉၀ အကြာ ဇန်နဝါရီလဆန်းပိုင်းတွင် စတင်တူးဖော်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့်ဥစိုက်နှင့်ပင်စိုက်ဟူ၍ စိုက်ပျိုး ကြပြီး ကြက်သွန်နီ()စိုက်များကို ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းကျွန်းမြေများနှင့် ကုန်းတွင်းပိုင်း လယ်ကွင်းမြေများတွင် အများဆုံးစိုက်ပျိုးကြောင်း၊ မျိုးဥအနေဖြင့် ဇော်မွှားဥမျိုးများကို စိုက်ပျိုးပြီး တစ်ဧကလျှင် ပိဿာ ၃၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးရ၍ တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ နှုန်းဖြင့် ပိဿာချိန် ၁၀၀ ဝယ်ယူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအတွက် ယခင်နှစ်က တစ်ဧကလျှင် ကျပ် ၃၅ သိန်းခန့် ကုန်ကျခဲ့ပြီး ယခုနှစ်တွင် မျိုးဥ၊ သွင်းအားစုနှင့် လုပ်သားအပါအဝင် တစ်ဧကလျှင် ငွေကျပ်သိန်း ၄၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပိဿာချိန် ၄,၀၀၀-,၀၀၀ ခန့် ထွက်ရှိပြီး သီးနှံပေါ် ချိန်တွင် ကြက်သွန်နီ () စိုက် တစ်ပိဿာလျှင် ငွေကျပ် ၂,၀၀၀-,၀၀၀ ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ရာ ငွေကျပ် ၆၅ သိန်းခန့် အမြတ်ရရှိခဲ့ကြောင်း သိရသည်။ 

ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ဒေသတွင်း ဖြန့်ဖြူးမှုအပြင် ရန်ကုန် ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့တို့သို့ တင်ပို့ရောင်းချပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်၊ မူဆယ်မြို့တို့မှစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ယခုနှစ် ကြက်သွန် နီသီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမို ရရှိမည်ဖြစ်ကြောင်း ကြက်သွန်နီ (ဥ) စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)