ကျောက်ဆည်ခရိုင်၌ ပြောင်းဖူး (မိုး) များ စတင်ထွက်ပေါ်လျက်ရှိ

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီ အလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ စားသုံးမှုများပြားသော ပြောင်းဖူး (မိုး) သီးနှံကို ၂၀၂၄ ခုနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် ၁၁၉၂ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၄၀၀ ဧက၊ မြစ်သားမြို့နယ် တွင် ၁၈၇၃ ဧက၊ စုစုပေါင်း ၄၄၆၅ ဧကစိုက်ပျိုးခဲ့ကြောင်း၊ ယခုအချိန်တွင် ပြောင်းဖူးသီးနှံများ         ရိတ်သိမ်းလျက်ရှိရာ စဉ့်ကိုင်မြို့နယ်တွင် ၁၀၃၄ ဧက၊ မြစ်သားမြို့နယ်တွင် ၃၆၂ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ပြောင်းဖူး (မိုး) သီးနှံကို ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် စတင်       ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး မျိုးအနေဖြင့် သကြားပြောင်းမျိုးနှင့် ရှမ်းပြောင်းမျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၆၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၄၀၀၀ ခန့် ထွက်ရှိပြီး ပြောင်းဖူး တစ်ဖူးလျှင် လက်ကားဈေး ငွေကျပ် ၃၀၀ နှုန်းဖြင့် စိုက်ခင်းအထိ လာရောက်ဝယ်ယူကြသည့် ကုန်စိမ်းပွဲစားများသို့ ရောင်းချကြသည့်အပြင် ကျောက်ဆည်မြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့လည်း တင်ပို့ရောင်းချကြောင်း၊ တစ်ဧကလျှင် ငွေကျပ် ၉၄၀,၀၀၀ ခန့်အမြတ်ရရှိပြီး ယခုနှစ်တွင် ပြောင်းဖူး ဈေးနှုန်း ကောင်းမွန်သည့်အတွက် တောင်သူများ အကျိုးအမြတ် ရရှိကြကြောင်း သိရှိရသည်။

DOCA (မန္တလေး)