ကြံခင်းမြို့နယ်တွင် မိုးမြေပဲစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သည် ရာသီဥတုကောင်းမွန်သည့် အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ မိုးမြေပဲ စိုက်ဧက ၃၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း၊ မိုးမြေပဲကို မေလတွင် စိုက်ပျိုးပြီး ဩဂုတ်လတွင် လှိုင်လှိုင်တူးဖော်ကြ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် မြေပဲ တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆၅၀,၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကပျမ်းမျှ ၆၁ တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးချိန်မှ တူးဖော်ချိန်အထိ ရာသီဥတုကောင်းမွန်မှုကြောင့် မြေပဲအထွက်နှုန်း ကောင်းမွန် ကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒေသတွင်းပေါက်ဈေးမှာ မြေပဲသီးနှံ အရည်အသွေးပေါ်မူတည်၍ မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၂၇,၀၀၀-၃၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧက လျှင် ငွေကျပ် ၁၀ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ကြံခင်းမြို့နယ်အတွင်းမှထွက်ရှိသော မြေပဲသီးနှံများကို ဒေသခံကုန်သည်များမှ ဝယ်ယူ၍ ရန်ကုန်မြို့ သို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (ဧရာဝတီ