မင်းဘူးမြို့နယ်၌ ဖရဲသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိရာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ဖရဲသီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြောင်း၊ ဖရဲသီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ခူးဆွတ်ကြကြောင်း၊ မျိုးအနေဖြင့် ပျားရည်ဆမ်း (အဝါ) ဖရဲမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ၆ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာ၌ မျိုးစေ့ကို ပျိုးအိတ်ဖြင့် ပျိုးထောင်၍ ၂၀ ရက်သားအရွယ်တွင် မြေချစိုက်ပျိုးကာ မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခနှင့် ထွန်ယက်ခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၈၅၀,၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ဖရဲသီးအလုံးရေ ၁,၀၀၀-၁,၂၀၀ ခန့် ထွက်ရှိကြောင်း၊ မြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း သိရသည်။

   အောက်တိုဘာလ၊ ပထမပတ်တွင် ပျားရည်ဆမ်းဖရဲသီး(ဝါ) လက်ကားဈေးတစ်လုံးလျှင် ငွေကျပ် ၁,၇၀၀-၂,၂၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် မင်းဘူးမြို့နယ်ဒေသတွင်း သစ်သီးဒိုင်များမှ စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြသည့် အပြင် မကွေးမြို့ပေါ်ရှိ သစ်သီးအရောင်းဆိုင်များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ရာသီ ဥတုဒဏ်ကြောင့် ဖရဲသီးအထွက်နှုန်း အသင့်အတင့်ရှိသော်လည်း ဈေးကောင်းရရှိသောကြောင့် တောင်သူ များအနေဖြင့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)