လက်ပံတောကျေးရွာတွင် ဆောင်းမြေပဲများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ လက်ပံတောကျေးရွာတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲများကိုလည်း စိုက်ဧက ၁၅၀ ခန့် စိုက်ပျိုးထားရှိကြောင်း၊ ဆောင်း မြေပဲကို ဩဂုတ်လတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး သုံးလအကြာတွင် တူးဖော်ရကြောင်း သိရ သည်။

   ဆောင်းမြေပဲမျိုးအနေဖြင့် ပင်ထောင် (အနီ) မျိုးကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုး ကြပြီး တစ်ဧကလျှင် မြေပဲမျိုးစေ့ ၃ တင်းခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၆ သိန်းခွဲခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၀၀ တင်းခန့် ထွက်ရှိကာ ဈေးနှုန်းအနေဖြင့် မြေပဲတောင့် တစ်တင်း လျှင် ငွေကျပ် ၂၀,၀၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်းခွဲခန့် အမြတ်ရရှိကြောင်း သိရသည်။

   အောက်တိုဘာလ၊ ပထမပတ်တွင် မြေပဲသီးနှံ တစ်တင်းလျှင် ငွေကျပ် ၂၅,၀၀၀-၃၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းဘူးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ လက်ရှိအချိန်တွင် မြေပဲသီးနှံ စိုက်ခင်းများမှာ အဖူးအပွင့်များ ဝေဆာ၍ ဖြစ်ထွန်း အောင်မြင်လျက်ရှိသောကြောင့် အထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ် များ ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)