မြို့သစ်မြို့နယ်၌ မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်ကာ အကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ လင်းလည်၊ အောင်ချမ်းသာ၊ နင်းကြမ်း၊ သဖန်းကုန်းစသည့်ကျေးရွာများတွင် နှမ်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးလျက်ရှိပြီး လင်းလည်ကျေးရွာတွင် မိုးမြေပဲ ၃၀ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   မိုးမြေပဲကို မေလတွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်        ရှိကြောင်း၊ မျိုးအနေဖြင့် ဗီယက်နမ် (မြေပဲဆန်ဖြူ)၊ စွန်တာနီ (မြေပဲဆန်နီ) မျိုးများကို စိုက်ပျိုးကြ‌ ပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် တစ်ဧကလျှင် ငွေကျပ် ၉၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက် အနေဖြင့် ၆၅ တင်းခန့်ထွက်ရှိ၍ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ၊ ပထမပတ်တွင် မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၂၅,၀၀၀-၃၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် မိုးမြေပဲများကို မကွေးမြို့နှင့် တောင်တွင်းကြီးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့သို့ လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့် ထုတ်ကုန် (Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးသော်လည်း အထွက်နှုန်းကောင်းမွန်၍ ယခင် နှစ်ထက် ဈေး‌ကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)