ရွှေဘိုဈေးကွက်သို့ ကုလားပဲ(V2)များ စတင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ ကုလားပဲ (V2) သီးနှံများ‌ မတ်လ (ဒုတိယအပတ်) မှစတင်၍ ဝင်ရောက်လျက်ရှိပြီး ကုလားပဲ (V2) တစ်တင်းလျှင် ၈၄,၅၀ဝ ကျပ် ပေါက်ဈေးရှိကာ တစ်ပတ်အတွင်း ၉၀၀ တင်း၊ တန်အားဖြင့် ၂၈ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ယခင်နှစ်က ကုလားပဲ (V2) တစ်တင်းလျှင် ၆၉,၀၀ဝ ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် တစ်တင်းလျှင် ၁၅,၅၀ဝ ကျပ် ဈေးပိုမိုရရှိခဲ့ပြီး ဝင်ရောက်သည့် ကုလားပဲ(V2)များအားလုံး ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
 

DOCA (စစ်ကိုင်း)