ရွှေဘိုခရိုင်အတွင်း မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်သည် စပါးသီးနှံကို အဓိကစိုက်ပျိုးသော ခရိုင်တစ်ခုဖြစ် ရာ နှစ်စဉ် မိုးစပါးစိုက်ဧက (၃) သိန်းကျော်နှင့် ဆည်ရေ ရရှိသည့်အပေါ်မူတည်၍ နွေစပါးများကို စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧကများနှင့် စိုက်ပျိုးသော စပါး မျိုးများမှာ ရွှေဘိုပေါ်ဆန်းစပါး (၂၁၈၃၄၄) ဧက၊ ဧရာမင်းစပါး (၆၅၇၅၀) ဧက၊ မနော်ဟရီစပါး (၂၃၆၅၄) ဧက၊ IR-747 စပါး (၁၇၅၃၂) ဧက၊ ရွှေသွယ်ရင်စပါး (၂၁၆၁၇) ဧကနှင့် ဆင်းသုခစပါး (၁၃၂) ဧက၊ စုစုပေါင်းစိုက်ဧက (၃၄၇၀၂၉) ဧက စိုက်ပျိုးထားရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စီမံကိန်းစာရင်းအင်းဌာန၏ စာရင်းများအရ သိရသည်။

   ရွှေဘိုခရိုင်တွင် မိုးစပါးများကို စိုက်ပျိုးထားရှိပြီး စိုက်ပျိုးမှုအနေဖြင့် ပျိုးထောင်၍ စိုက်ပျိုး ခြင်းနှင့် ကြဲပက်၍ စိုက်ပျိုးခြင်းဟူ၍ နည်းလမ်းနှစ်မျိုးဖြင့် စိုက်ပျိုးကြရာ ပျိုးထောင်စိုက်ပျိုးခြင်း (၂၁၉၅၀၄) ဧကနှင့် ကြဲပက်၍စိုက်ပျိုးခြင်း (၁၂၇၅၂၅) ဧက စိုက်ပျိုးထားရှိကြောင်း၊ ပျိုးထောင်၍ စိုက်ပျိုးရာတွင် ဇွန်လ၌စတင်ပျိုးထောင်၍ ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးကြကြောင်း၊ ယခုအချိန် တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပါးစိုက်တောင်သူဦးကြီးများအနေဖြင့် စပါး အထွက်နှုန်းများ ယခင်နှစ်ထက် ပိုမိုထွက်ရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)