မကွေးကုန်စည်ဒိုင်၏နှမ်းဈေးနှုန်းဈေးကွက်အခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးကုန်စည်ဒိုင်သို့ နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို မကွေး မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရေနံချောင်း၊ နတ်မောက်မြို့များအပြင် မင်းဘူးမြို့နယ်ရှိ ကျေးရွာ များမှလည်း လာရောက်ရောင်းချကြသည်။

   အရောင်းအဝယ်ဖြစ်သည့် နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းဖြူ တစ်ပိဿာလျှင် စက်တင်ဘာ လ(နောက်ဆုံးပတ်) တွင် ကျပ် (၈၃၃၀)၊ အောက်တိုဘာလ (ပထမပတ်)တွင် ကျပ် (၇၉၃၀) ဖြစ်ပြီး တစ်ရက်လျှင်(၄၅)ပိဿာဝင် အိတ်ဖြင့် အိတ်ရေ (၈၀၀) ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

   နှမ်းနီတစ်ပိဿာလျှင် စက်တင်ဘာလ(နောက်ဆုံးပတ်)တွင် ကျပ်(၇၃၃၀)၊ အောက်တိုဘာ လ (ပထမပတ်)တွင် ကျပ် (၇၂၀၀) ဖြစ်ပြီး တစ်ရက်လျှင် (၄၅) ပိဿာဝင် အိတ်ဖြင့် အိတ်ရေ (၂၀၀) ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

   အောက်တိုဘာလ(ပထမပတ်)တွင် နှမ်းနက် (စမုံ) တစ်ပိဿာလျှင် ကျပ် (၇၆၇၀)၊ နှမ်းနက် (ရိုးရိုး) တစ်ပိဿာလျှင် ကျပ် (၇၁၃၀)၊ နှမ်းညိုကြား (၁) ပိဿာလျှင် ကျပ် (၆၆၇၀) ဖြစ်ရာ စက်တင်ဘာလ(နောက်ဆုံးပတ်)အတိုင်း ဈေးနှုန်းများ တည်ငြိမ်နေပြီး တစ်ရက်လျှင် (၄၅) ပိဿာ ဝင်အိတ်ဖြင့် နှမ်းနက် (စမုံ) အိတ်ရေ (၄၀၀) ခန့်၊ နှမ်းနက် (ရိုးရိုး) အိတ်ရေ (၁၆၀) အိတ်ခန့်၊ နှမ်းညိုကြား အိတ်ရေ (၁၀၀) ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးသို့ နှမ်း (၆၀၀၀) အိတ်နှင့် ရန်ကုန်သို့ နှမ်း (၄၉၀) အိတ်၊ စုစုပေါင်းအိတ်ရေ (၆၄၉၀) အိတ်တင်ပို့ခဲ့ကြောင်း သိရသည်။

DOCA (မကွေး)