မိတ္ထီလာခရိုင်၏ မိုးသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိ

          မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိုးသီးနှံ မြေပဲ၊ နှမ်း၊ ဝါ၊ ပဲစဉ်းငုံများကို အဓိကစိုက်ပျိုးပြီး  ကျေးရွာအချို့တွင် ပဲတီစိမ်းများလည်း စိုးက်ပျိုးကြကြောင်း၊ ယခုအခါ နေကြာ ဆီဈေးကောင်းရသဖြင့်  နေကြာသီးနှံစိုက်ပျိုးမှုများပြားလာကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မိတ္ထီလာခရိုင်တွင် မိုးသီးနှံစိုက်ပျိုးရန် လျာထားချက်မှာ မိုးနှမ်း(၉၉၄၀၉) ဧက၊ မိုးနေကြာ (၄၅) ဧက၊ မိုးကြိုဝါ (၂၇၃၂) ဧက၊ မိုးဝါ (၂၅၇၄) ဧက၊ မိုးကြို ပဲတီစိမ်း (၉၆၈၂) ဧက၊ မိုးပဲတီစိမ်း (၃၉၄၅) ဧက၊ ပဲစိမ်းငုံ  (၂၁၄၇၃) ဧက၊ ပဲနောက် (၈၃၁) ဧကရှိကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရသည်။

         မိုးသီးနှံများတွင် မိုးနှမ်းကို မလှိုင်မြို့နယ်၌ ဧက(၆) ‌သောင်းခန့်၊ ဝမ်းတွင်းမြို့နယ်၌ ဝါကို ဧက (၂၅၀၀) ကျော်၊ ပဲတီစိမ်းဧက (၂၂၀၀) ခန့်ဖြင့် အများဆုံးစိုက်ပျိုးကြောင်း၊ မလှိုင်မြို့နယ်တွင် ပဲနောက်(ခေါ်)ပဲတီစိမ်း ဧက(၆၀၀)ကျော်ဖြင့် စိုက်ပျိုးကြောင်း၊ မိတ္ထီလာခရိုင်အတွင်း မေလလယ် နှင့်ဇွန်လဆန်းတွင် မိုးရွာသွန်းခြင်းကြောင့် သီနှံပင်များ ဖြစ်ထွန်းအားကောင်းနိုင်ကြောင်း တောင်သူများထံမှ သိရသည်။

DOCA (မန္တလေး)