ကသာခရိုင်တွင် ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲပုပ်သီးနှံစိုက်ဧကစုစုပေါင်း ၅၃၅၉ ဧက စိုက်ပျိုးခဲ့ရာ ၂၀၂၃ ခုနှစ်၊ မတ်လပထမပတ်၌ စတင်ရိတ်သိမ်းကြောင်း၊ ပဲပုပ်သီးနှံသည် အကြမ်းခံသောဆီထွက်သီးနှံဖြစ်သည့်အပြင် အခြားပဲသီးနှံများထက် စိုက်ပျိုးကုန်ကျစရိတ်လျော့နည်းသော သီးနှံဖြစ်ကြောင်းသိရသည်။ ပဲပုပ်သီးနှံကို စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ရိတ်သိမ်းကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ပဲပုပ်သီးနှံ တစ်ဧကလျှင် (၄) သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပဲပုပ်သီးနှံ တစ်ဧကလျှင် ၁၅ တင်း ထွက်ရှိပြီး ဒေသတွင်း တစ်တင်းဈေးနှုန်းမှာ ၇၀၀၀၀ ကျပ် ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ် အနေဖြင့် ၆၅၀၀၀၀ ကျပ် ရရှိကြောင်းသိရသည်။ ပဲပုတ်သီးနှံကို အများအားဖြင့် မန္တလေးအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြပြီး ဒေသတွင်း ပဲပုပ်လုပ်ငန်းရှင်များမှလည်း ဝယ်ယူသိုလှောင်ကြကြောင်း သိရသည်။

(DOCA) စစ်ကိုင်း