လက်မှုပညာဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသော ဂျုံရိုးဦးထုပ်လေးများ

     မြန်မာနိုင်ငံသည်မည်သည့်သီးနှံမျိုးကိုမဆို စိုက်ပျိုးနိုင် သည့်ရေမြေကောင်းမွန်မှုနှင့် သဘာဝအရင်းအမြစ်များပေါများမှုတို့ကြောင့်  စီးပွားဖြစ်လုပ်ကိုင်နိုင်သောအလုပ်အကိုင် ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးနိုင်ပါသည်။ ထိုကြောင့် မိမိ ဒေသထွက်အရင်းအမြစ်ကို အခြေခံ၍  နည်းပညာ ကိုအခြေ ခံပြီး   တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products)များ ကို ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့တန်ဖိုးမြှင့် ထုတ် ကုန်များကို ထုတ်လုပ်နိုင်ခြင်းအားဖြင့်  အလုပ်အကိုင် အခွင့် အလမ်းများရရှိခြင်း၊    မိသားစုဝင်ငွေများ  တိုးပွားလာခြင်း၊  ဝင်ငွေတိုးပွား လာသည့်နှင့် တစ်ပြိုင်နက် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ကျေးလက်ဒေသလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး သည်အငယ်စားကုန်ထုတ်လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင်  အရေးပါသည့်အတွက် ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုး သလသစ အဖြစ်ကုန်ကြမ်းမှ သည်တန်ဖိုးမြှင့် ထုတ်ကုန် အထိ ထုတ်လုပ်ပြီး ဈေးကွက်အရောက်  တင်ပို့ထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။သို့ဖြစ်ပါ၍ ကျေးလက်ဒေသအိမ်တွင်းလက်မှု လုပ်ငန်းများအနက်  ဒေသတွင်း   ဈေးကွက်တွင်   နာမည်ရပြီး ဖြစ်သော မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာရှိ ဂျူံရိုးဦးထုပ်လုပ်ငန်းအား   ငါန်းဇွန်မြို့နယ်တာဝန်ခံ၏  အကူ အညီဖြင့် မိမိတတ်စွမ်းသလောက် မျှဝေတင်ပြလိုပါသည်။
ငါန်းဇွန်မြို့နယ်သည်   မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံ ခရိုင်အတွင်းတွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာ မြို့မှာငါန်းဇွန် မြို့ဖြစ်ပါသည်။ မြို့နယ်ဧရိယာ အကျယ်အဝန်းမှာ ၃၅၅ ဒသမ ၉၉၁ စတုရန်းမိုင်ဖြစ်ပြီး ကျေးရွာအုပ်စုများ  ဧရိယာမှာ စတုရန်းမိုင်ပေါင်း ၃၅၅ ဒသမ ၃၆၈ နှင့် မြို့များဧရိယာမှာ ဝဒသမ၆၂၃ စတုရန်းမိုင်ဖြစ်ပါသည်။ ငါန်းဇွန်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၂၇ ပေတွင်  တည်ရှိပြီး လူဦးရေစုစုပေါင်း ၁၄၀ဝ၄၉ဦးရှိပါသည်။ မြို့နေ၅ဒသမ ၇% နှင့် ကျေးလက်နေ ၉၄ ဒသမ ၃% ရှိပါသည်။အများအားဖြင့် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးဖြင့် အသက်မွေးဝမ်း ကျောင်းကြပါသည်။ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု များအနက် သားကျင်ကျေးရွာအုပ်စုရှိ သားကျင်ကျေးရွာတွင် ဒေသထွက်ကုန်တစ်မျိုးဖြစ်သော ဂျုံရိုးဦးထုပ်လုပ်ငန်းမှာ လယ်ယာလုပ်ငန်းအပြင်  မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်း ဖြစ်ပြီး အလုပ်ခွင်မပျက်ဆောင်ရွက်နိုင်၍ တစ်ဖက်တစ်လမ်းမှ ဒုတိယဝင်ငွေရရှိသည့် လုပ်ငန်းလည်းဖြစ်ပါသည်။
သားကျင်ကျေးရွာသည် ငါန်းဇွန်မြို့နယ်၊ သားကျင် အုပ်စုတွင်ပါဝင်ပြီး ၂၀၁၇ ခုနှစ်လူဦးရေစာရင်းအရ ကျား/မ စုစုပေါင်း ၃၄၆၀ ဦးခန့်ရှိ၍ အိမ်ခြေ ၇၀ဝခန့်ရှိသော ရွာကြီး တစ်ရွာဖြစ်ပါသည်။ အများအားဖြင့် တောင်သူများအဖြစ် အသက်မွေးဝမ်းကျောင်းကြသည့်အပြင် ဂျုံဦးထုပ် ယက်လုပ် ခြင်း လုပ်ငန်းကိုလည်း မိသားစုအပိုဝင်ငွေ စီးပွားရေးအဖြစ် တစ်ရွာလုံးလုပ်ကိုင်ကြပါသည်။ဂျူံသီးနှံမှထွက်ရှိသော ဂျုံရိုးများကို အခြားဒေသများ တွင် တိရစ္ဆာန်အစာအဖြစ်ပြုလုပ်အသုံးပြုလျက်ရှိသော် လည်း ငါန်းဇွန်မြို့နယ်ရှိ သားကျင်ကျေးရွာသည် ဂျူံရိုးများကို ဂျူံရိုးဦးထုပ်အဖြစ် ထုတ်လုပ်ဖြန့်ချိရောင်းချလျက်ရှိပါသည်။
ဂျုံရိုးဦးထုပ်လေးများ
အပူပိုင်းဒေသများ၌အလုပ်လုပ်ရာတွင်ဖြစ်စေ၊အနှေး ယာဉ်စီးရာတွင်ဖြစ်စေ အပူဒဏ်ခံနိုင်ရန်အတွက်လည်းကောင်း၊ အအေးပိုင်းဒေသများတွင်လည်း လယ်ယာလုပ်ငန်းခွင်ဝင်ရာ ၌အအေးဒဏ်၊    ရာသီဥတုဒဏ်ခံနိုင်စေရန်လည်းကောင်း၊ ပေါ့ပေါ့ပါးပါးဆောင်းကြသကဲ့သို့လက်မှုပညာနှင့် ပေါင်းစပ် ချုပ်လုပ်ထားသော ဂျုံရိုးဦးထုပ်လေးများအား အမှတ်တရ ပစ္စည်းအဖြစ်လည်း လက်ဆောင်ပေး လေ့ရှိကြပါသည်။ဂျုံရိုး ဖြင့် ချုပ်လုပ်ထားသော ဦးထုပ်လေးများသည်ရိုးရှင်းလှပ၍ ပေါ့ပါးကာ  အများဝယ်ယူနိုင်သော ဈေးနှုန်းဖြစ်သည့်အတွက် လူသုံးများသည့်ဈေးကွက်ဝင် ထုတ်ကုန်တစ်စုမျိုးလည်းဖြစ်ပါ သည်။ ဘုရား၊ပုထိုး၊စေတီများအနီးတွင်လည်းကောင်း၊ ဘုရား ပွဲဈေးများတွင်လည်းကောင်း ဒေသထွက်ကုန်အမှတ်တရ ပစ္စည်းအဖြစ်လည်း ရောင်းချလေ့ရှိကြပါသည်။

ကုန်ကြမ်းရရှိမှု
ဂျုံရိုးဦးထုပ်များထုတ်လုပ်ရန်အတွက် အဓိကလိုအပ် သည့်ကုန်ကြမ်းမှာစွန့်ပစ်ပစ္စည်းဖြစ်သော ဂျုံရိုးသာလိုအပ်ပြီး ကုန်ကျမှုအနည်းဆုံးနှင့် လွယ်ကူရိုးရှင်းသည့်လုပ်ငန်းဖြစ်ပါသည်။ ဂျုံသီးနှံမှာ ဆောင်းရာသီစိုက်သီးနှံဖြစ်၍အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် သီးနှံထွက်ပေါ်လာပါသည်။ ဖေဖော် ဝါရီလနှင့်မတ်လများတွင် ဂျုံရိတ်သိမ်းကြပြီးနောက်   ဈေး ကွက်ဝင်လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်ပါသည်။  မြင်းခြံခရိုင် တွင် ၂၀၁၈-၂၀၁၉ ခုနှစ် ဂျုံလျာထားဧကမှာ ၃၉၀ဝကျော်ဖြစ် ပြီး ခရိုင်အတွင်း  ငါန်းဇွန်မြို့နယ်၏ဂျုံစိုက်ဧက လျာထား ချက်မှာ ဧက၂၈၀ဝ ခန့်ဖြစ်၍ ဂျုံအများဆုံး စိုက်ပျိုးထုတ်လုပ် ရာ ဒေသလည်းဖြစ်ပါသည်။ ဂျုံတစ်ဧကပျမ်းမျှ အထွက် ၁၃ တင်းခန့်ဖြစ်ပြီး ဂျုံသီးနှံရိတ်သိမ်းချိန်ဖြစ်သော ဖေဖော်ဝါရီ လနှင့်မတ်လများတွင် ဂျုံရိုးကိုကုန်ကြမ်းအဖြစ် သိမ်းဆည်း ဝယ်ယူစုဆောင်းကြပါသည်။ ကုန်ကြမ်း ပစ္စည်းပြတ်လပ်မှုမရှိ စေရန်အတွက် ဂျုံထွက်ပေါ်ချိန်ဂျုံရိုးကိုစုဆောင်းသိမ်းဆည်း ပြီး ကျန်လများတွင် ဂျုံရိုးဦးထုပ်အား ထုတ်လုပ်ကြပါသည်။ သားကျင်ကျေးရွာပတ်ဝန်းကျင်မှ   ထွက်ရှိသောဂျုံခင်းများ အပြင်မြို့နယ်အတွင်း ဂျုံစိုက်တောင်သူများထံသို့လည်း သွား ရောက်ဝယ်ယူရပါသည်။ ဂျုံနှံဖြတ်ပြီး   ကျန်ရှိသည့် ဂျုံရိုး တံအနိမ့်၊ အမြင့်အပေါ်မူတည်၍ ဈေးနှုန်းကွဲပြားရာဂျုံရိုးသည် တုတ်၍ရှည်လျှင် ဈေးပိုပေးဝယ်ယူရပါသည်။ဂျုံတစ်ဧကမျိုး ၂တင်းကြဲရပြီး တစ်တင်းကြဲ ဧကဝဒသမ ၅၀ဧကတွင်ဂျုံရိုး လှည်း နှစ်စီးတိုက်လျှင်    ငွေကျပ်တစ်သိန်းငါးသောင်းနှင့် အထက်ဈေးပေးရေ ကြာင်း သိရှိရပါသည်။
ဂျုံရိုးဦးထုပ်ထုတ်လုပ်ခြင်း
ဂျုံရိုးဦးထုပ်ထုတ်လုပ်ရန်အတွက် ဂျုံရိုးအဆစ်ခွဲခြား ခြင်း၊ ဂျုံရိုးအဆစ်ချိုးခြင်း၊ ကြိုးကျစ်ခြင်း ဦးထုပ်အဖြစ်ချုပ်စက် ဖြင့်ချုပ်ခြင်း၊ချုပ်ပြီးဦးထုပ်များကိုပေါင်းခံ၍အရောင်ချွတ်ခြင်း၊ လှပသော ဦးထုပ်များဖြစ်စေရန်နှင့်ဈေးကွက်ဝင်ရန် ဆေး ခြယ်ခြင်း၊ကြိုးတပ်ရန်အတွက် ရိုက်သီးများရိုက်ခြင်း စသည့် လုပ်ငန်းစဉ်များ လုပ်ကိုင်ကြရပါသည်။
ဂျုံရိုးအဆစ်ချိုးခြင်းနှင့်အဆစ်ခွဲခြားခြင်းကုန်ကြမ်းဂျုံရိုးများကို အခြောက်လှမ်း၍သန့်စင်ပြီးပါ က ဂျုံရိုးကိုသုံးဆစ်ချိုးယူ၍ အဆင့်အတန်း၃မျိုး ခွဲခြားပါ သည်။ ဂျုံရိုးတစ်ရိုး၏အပေါ်ဆုံးအဆစ်သည်   နူးညံ့သည့် အတွက် ဂျုံရိုးဦးထုပ်အချောအတွက်လည်းကောင်း၊အလယ် ဆစ်မှာဦးထုပ်ကြမ်းချော အတွက်လည်းကောင်း၊  နောက်ဆုံး အဆစ်မှာ ဂျုံရိုးဦးထုပ် အကြမ်းအတွက်လည်းကောင်း၊အဆင့် ခွဲခြား၍ဦးထုပ်သုံးမျိုးသုံးစားထွက်ရကြောင်းသိရှိရပါသည်။ဂျုံရိုးအဆစ်များကို ကောင်း၊ သင့်၊  ညံ့ ၃စားခွဲ၍ တစ်ပိသာ စည်းများစည်းထားကြပါသည်။
ကြိုးကျစ်ခြင်း
ဂျုံရိုးဦးထုပ်တစ်လုံးဖြစ်ပေါ်စေရန်အတွက် ပထမဦး စွာပထမအဆင့်အနေဖြင့်  ကုန်ကြမ်းဂျုံရိုးကို ကျစ်ပင်စပိုင်း ဖြစ်သော အပေါ်နှံရိုးကိုချိုးယူကြရပါသည်။

ချိုးပြီးသောဂျုံရိုးများကိုရေတွင် ဆယ်မိနစ်ခန့်စိမ်ပေးပြီးမှသာ လျှင် ဂျုံရိုးများပျော့ပြောင်းသွားသည့်အတွက် ကြိုးကျစ်ရန် အဆင် ပြေမှာဖြစ်ပါသည်။ရေစိမ်ပြီးပါကကြိုးကိုဆက်ကျစ်နိုင်ပြီဖြစ်ပါသည်။ ဂျူံရိုးကျစ်ကြိုးအရှည်သည် အတောင်၄၀ခန့်ရှည်ရမည်ဖြစ်ပြီး ဦးထုပ် တစ်လုံးစာကြိုးကျစ်ပြီးပါက ဆက်ထားသည့်ဂျုံရိုးတွင် ထွက်နေသည့် အစလေးများကိုကပ်ကြေးနှင့်ညှပ်ထုတ်ရမှာဖြစ်ပါသည်။ဂျုံရိုးကျစ် နေကျလူတစ်ဦးအနေဖြင့်တစ်ရက်လျှင်ဦးထုပ်သုံးလေးလုံးစာခန့်ကျစ် နိုင်ကြောင်းနှင့်  ဂျုံရိုးတစ်ပိသာစည်းတစ်စည်းလျှင် ဂျုံရိုးကျစ်ကြိုး ၁၂ခွေရရှိပြီး၊ ပိုင်ရှင်မှ  ၆ခွေ၊  ကြိုးကျစ်သူ၏ လုပ်အားခအဖြစ် ကျစ် ကြိုး၆ခွေခွဲယူကြကြောင်းနှင့်ကြိုးကျစ်ခြင်းသည်သင်ယူရန်  လွယ်ကူ သောကြောင့်ကလေးမှအစလူကြီးအထိ ကြိုးကျစ်လုပ်ငန်းကိုလုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။
ဦးထုပ်ချုပ်လုပ်ခြင်း
ဂျုံရိုးများကို ကြိုးကျစ်ပြီးနောက်ရလာသည့်ကျစ်ကြိုးကွေများ ကို ရေအနည်းငယ်စွတ်ပြီးပါက  စက်ဖြင့်ချုပ်လုပ်နိုင်ပြီဖြစ်ပါသည်။စက်ချုပ်ရာတွင်   လှပသေသပ်သည့်ဦးထုပ်များရရန်    အမျိုးသမီး တစ်ဦး၏ ကျွမ်းကျင်မှုအရတစ်နေ့ဦးထုပ်လုံးရေ ၃၀ကျော်အထိ ချုပ် လုပ်နိုင်ပြီး ပုံမှန်ဦး ထုပ် တစ်လုံး ချုပ်ခ ကျပ် ၃၀ဝနှုန်းဖြင့် အလုံးရေ ၂၀ အထိ ချုပ်လုပ်နိုင်ပါသည်။ ကြိုးကျစ်သူများမှာတစ်နေ့လျှင် ဦးထုပ်သုံးလုံးစာခန့်သာ ပြီးနိုင်ကြောင်း သိရှိရပါသည်။
ပေါင်းခံခြင်း
ချုပ်ပြီးရလာသည့်ဦးထုပ်များကိုနေတွင်လှမ်းပြီးအခြောက်ခံရပါသည်။ ချုပ်ပြီးရလာသည့်ဦးထုပ်၏သဘာဝအရောင်မှာ   ညိုဝါ ရောင်ဖြစ်ပြီး ရိုးရှင်းသည့်အတွက် ယခင်ကဈေးကောင်းရရှိခြင်းမရှိ ခဲ့ပေ။ ထိုကြောင့်လှပပြီးဈေးကွက်ဝင်စေရန်နှင့်ဈေးကောင်းပိုမိုရရှိရေးတို့အတွက်ကန့်မှုန့်ကို မီးရှို့ပြီး ပေါင်းခံအိုးနှင့်တစ်ညခန့်ပေါင်းခံကာ ဂျုံရိုးဦးထုပ်ကို အရောင်ချွတ်ကြရပါသည်။ ဂျုံရိုးဦးထုပ်များကို ပေါင်းခံပြီးပါက အဖြူရောင်သန်းလာသည့်အတွက် ပိုမိုလူကြိုက်များ လာပါသည်။ ထိုသို့အရောင်ချွတ်ပြီးပါက နေပူတွင် တစ်နေလှမ်းထား ပေးရပါသည်။ နေပူလှန်းပြီးပါက ပိုမိုလှပ၍ စွဲဆောင်မှု ရှိစေရန် ဆေး ရောင်ခြယ်ခြင်း၊ ဦးထုပ်ကြိုးတပ်၍ ရိုက်သီးရိုက်ခြင်းတို့ကိုပြုလုပ်ပေး ပြီးပါက လှပ၍ချစ်စရာကောင်းပြီး  အပူဒဏ်ကာကွယ်ပေးနိုင်သည့် ဂျုံရိုးဦးထုပ်လေးများရရှိလာမည်ဖြစ်ပါသည်။အရောင်ချွတ် ပေါင်းခံခ အနေဖြင့်ဦးထုပ်တစ်လုံး ကျပ် ၁၀ဝ ကျသင့်ပြီး ဆေးရောင်ခြယ်ခြင်း၊ ရိုက်သီးရိုက်ခြင်းနှင့် လက်ခများလည်း အပါအဝင်ဖြစ်ပါသည်။
ဈေးနှုန်း၊ဈေးကွက်
သားကျင်ကျေးရွာမှထွက်သော ဂျုံရိုးဦးထုပ်များမှာ အကြမ်း ဈေးအနေဖြင့်  ဦးထုပ်ဆိုဒ်ကြီးတစ်လုံး ကျပ် ၁၁၀ဝနှုန်း၊ဆိုဒ်သေး ကျပ် ၁၀ဝ၀ နှုန်းရောင်းချရ၍ဦးထုပ်ကြိုးခွေတစ်ခွေလျှင်ကျပ်၇၀ဝမှ ၈၀ဝ အထိရှိပါသည်။ဦးထုပ်ကြမ်းချောမှာ ၅ဓဆိုဒ်နှင့်၄ဓဆိုဒ်ဟူ၍ခွဲခြားပြီး ကျပ်၁၂၀ဝ နှင့် ၁၁၀ဝဈေးြ ဖစ် ကာ ကြိုးခွေတန်ဘိုးမှာကျပ် ၉၀ဝမှ ၁၀ဝဝထိရှိပါသည်။ ဦးထုပ်အချော အနုမှာကြိုးခွေတစ်ခွေ ကျပ်၁၂၀ဝ နှုန်းရှိပြီး ဦးထုပ်တစ်လုံး၁၈၀ဝမှ၂၀ဝဝဈေးရှိပါသည်။
ဂျုံရိုးဦးထုပ်များကိုမြို့နယ်ပြင်ပ   အရပ်ဒေသများမှငွေကြို ထုတ်ပြီးဖောက်သည်ပေးသည့်အပြင် ရွာကုန်သည်များမှလည်း မြို့သာ၊ နွားထိုးကြီး၊မြင်းခြံ၊တောင်သာ၊မလှိုင်၊မိတ္ထီလာ၊မန္တလေး၊ ဗန်းမော်မြို့ များအပြင် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြောင်းသိရှိရ ပါသည်။သဘာဝပစ္စည်းနှင့် ထုတ်လုပ်ထားသော ဂျုံရိုးဦးထုပ်လေး များသည်    ရာသီဥတုဒဏ်ကာကွယ်ရန်နှင့်ပေါ့ပါးပြီး    ကြာရှည်ခံကာ လူတန်းစားမရွေးနှစ်သက်စွာဝယ်ယူ  သုံးစွဲနိုင်သည့်အပြင် လှပခိုင် ခန့်ပြီး ဈေးနှုန်းသင့်တင့်သည့်အတွက် ဈေးကွက်ဝင် ထုတ်ကုန်တစ်မျိုး ဖြစ်ပါသည်။ ထိုအပြင် ဒေသခံပြည်သူမ ျား အတွက် လည်း ဝင်ငွေရှာ ဖွေပေးနိုင်ခြင်း၊     အလုပ်အကိုင်အခွင့်အလမ်းရရှိခြင်းတို့ကြောင့် ကျေးလက်ဒေသလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှုလုပ် ငန်းများအနေဖြင့်အရင်းအနှီး၊နည်းပညာဈေးကွက်စသည့်အထောက် အပံ့ကောင်းများ ပံ့ပိုးပေးနိုင်ပါက တန်ဖိုးမြင့်ထုတ်ကုန်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး နိုင်ငံစီးပွားရေးကိုလည်း   တစ်ထောင့်တစ်နေရာမှ ထောင်မတ်ပေးနိုင်သည့်ဒေါက်တိုင်တစ်ခုအဖြစ်သို့ရောက်ရှိလာမည် မှာမု ချဧကန်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။