အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပသို့ ဈေးကွက်ရှာဖွေတင်ပို့နိုင်ရေး ကြိုးပမ်းကြရာဝယ်
ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြသန်းသည် လက် ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်၊ ရုံးအုပ် ဦးခွန် ကျော်ဋ္ဌေး၊ အောင်ပန်းမြို့နယ် တာဝန်ခံ ဦးမြင့်နိုင် တို့နှင့်အတူ ဇွန်လ ၉ ရက်က ဟဲဟိုးမြို့ အာလူးအစုအဖွဲ့ရုံးမှာ အာလူး အစုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းကျော်နှင့် ပြည်တွင်းကုန် သွယ်မှု မြှင့်တင်ရေးအတွက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့၊ စားသုံးသူ ရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြသန်းသည် လက်ထောက် ညွှန်ကြား ရေးမှူး ဦးအောင်ကျော်၊ ရုံးအုပ် ဦးခွန်ကျော်ဋ္ဌေး၊ အောင်ပန်းမြို့နယ် တာဝန်ခံ ဦးမြင့်နိုင်တို့နှင့်အတူ ဇွန်လ ၉ ရက်က ဟဲဟိုးမြို့ အာလူးအစု အဖွဲ့ရုံးမှာ အာလူးအစုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းကျော်နှင့်ပြည်တွင်း ကုန်သွယ်မှု မြှင့်တင်ရေးအတွက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ ရှမ်းပြည်နယ် (တောင်ပိုင်း) မှာ အာလူးကို ဘယ်မြို့တွေ မှာ စိုက်ပါသလဲ။
ဦးအောင်သန်းကျော်။ ။ ရှမ်းပြည်နယ်(တောင်ပိုင်း) မှာ အာလူး စိုက်ပျိုးတဲ့ မြို့တွေကတော့ တောင်ကြီး ခရိုင်အတွင်းမှာ တောင်ကြီး၊ ကလော၊ ပင်လောင်း၊ ပင်းတယ၊ ရွာငံ၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်နဲ့ နောင်တရားမြို့နယ်တို့ဖြစ်ပြီး လွိုင်လင်ခရိုင် အတွင်းရှိ လွိုင်လင်၊ လဲချား၊ နမ့်ဆန်၊ ကွန်ဟိန်း၊ ကျေးသီး၊ မိုင်းကိုင်၊ မိုင်းရှူးနဲ့ လင်းခေးခရိုင်အတွင်း မိုးနဲ/ မိုင်းပန်မြို့နယ်တို့မှာ စိုက်ပျိုး ကြပါတယ်။ အထူးသဖြင့် တောင်ကြီးမြို့နယ် နောင်တရားဒေသနှင့် ဟဲဟိုးမြို့နယ်၊ ဟဲဟိုး၊ အောင်ပန်းနဲ့ ကလောမြို့နယ်တို့မှာ အာလူးကို အဓိက စိုက်ပျိုးကြပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ ရှမ်းပြည်နယ်မှာ အများဆုံး စိုက်ပျိုးတဲ့ အာလူးမျိုးများကို ပြောပြပေးပါ။
ဦးအောင်သန်းကျော်။ ။ ရှမ်းပြည်နယ်မှာ အများဆုံး စိုက်ပျိုးတဲ့ အာလူး မျိုးတွေကတော့ ပွင့်ဖြူ၊ ဘောလုံးသီးနဲ့ နယ်သာလန်မျိုးများ ဖြစ်ပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အာလူးကို ဘယ်အချိန်မှာ စိုက်ပြီးတော့ ဘယ်အချိန်မှာ ရိတ်သိမ်းပါသလဲ။
ဦးအောင်သန်းကျော်။ ။ မိုးအာလူး စိုက်ချိန်ကတော့ မတ်လမှာ စိုက် ပြီး ဇွန်လမှာသိမ်းရပါတယ်။ ဆောင်းအာလူးကိုတော့ သြဂုတ်လကုန်၊ နိုဝင်ဘာလဆန်းမှာ စိုက်ပျိုးပြီး ဇန်နဝါရီလကုန် ဖေဖော်ဝါရီ လဆန်း မှာ သိမ်းရပါတယ်။ နွေအာလူးကိုတော့ ဇန်နဝါရီလကုန် ဖေဖော်ဝါရီ လဆန်းမှာ စိုက်ပြီး၊ မတ်လကုန် ဧပြီလဆန်းမှာ သိမ်းရပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာလူးစိုက် ဧက ဘယ် လောက်ရှိပါသလဲ။ တစ်ဧကကို ဘယ်လောက် ထွက်ရှိပါသလဲ။
ဦးမြင့်နိုင်။ ။ အာလူးကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ၂၀၁၆-၂၀၁၇ ခုနှစ် စိုက်ပျိုးရာသီမှာ စိုက်ဧကပေါင်း ၄၃၅၁၁ ဧက ရှိပါတယ်။ စိုက်ပျိုး ထုတ်လုပ်တဲ့ မျိုးတွေကတော့ ပွင့်ဖြူမျိုး၊ ဘောလုံး မျိုး၊ တရုတ်မျိုး၊ နယ်သာလန်မျိုးတို့ဖြစ်ပါတယ်။ ပွင့်ဖြူမျိုးကိုဧက ၁၇၄၀၀၊ ဘောလုံးမျိုးကို ဧက ၄၃၀၀၊ တရုတ်မျိုးကို ဧက ၁၇၄၀၀၊ နယ်သာလန်မျိုးကို ဧက ၉၀၀ နဲ့ အခြားမျိုးကို ဧက ၃၀၀၀ စိုက်ပျိုး လျက်ရှိပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အမျိုးအစားအလိုက် အာလူးအရွယ်အစား ထွက်ရှိမှုကို ပြောပြပေးပါ။
ဦးအောင်သန်းကျော်။ အမျိုးအစားအလိုက် အာလူးအရွယ် အစား ထွက်ရှိမှုကတော့ ပွင့်ဖြူမျိုး၊ ဘောလုံးမျိုး၊ အခြားဒေသမျိုးများ တစ်ဧကစိုက်ပျိုးပါက အလုံးကြီး ပိဿာ၁၀၀၀ ခန့်၊ အလုံးလတ် ပိဿာ ၃၂၀၀ ခန့်၊ အလုံးသေး ပိဿာ၈၀၀ ခန့်ထွက်ရှိပြီး၊ စုစုပေါင်း ပိဿာချိန် ၅၀၀၀ ထွက်ရှိပါတယ်။ တရုတ်မျိုး တစ်ဧကစိုက်ပျိုး ပါကအလုံးကြီး ပိဿာ ၆၀၀၀ ခန့်၊ အလုံးလတ် ပိဿာ ၁၄၀၀ ခန့်၊ အလုံးသေးပိဿာ ၆၀၀ ခန့် စုစုပေါင်း ပိဿာ ၈၀၀၀ ထွက်ရှိပါတယ်။ နယ်သာလန်မျိုး တစ်ဧကစိုက်ပျိုးပါက အလုံးကြီး ပိဿာ၇၂၀၀ ခန့်၊ အလုံးလတ်ပိဿာ ၈၅၀ ခန့်၊ အလုံးသေး ပိဿာ ၄၅၀ ခန့်ထွက်ရှိပါ တယ်။ စုစုပေါင်းအထွက်နှုန်းကတော့ ပိဿာ ၈၅၀၀ ခန့်ရှိပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အာလူးတစ်ဧကမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ အကျိုး အမြတ်က ဘယ်လောက်ရှိပါသလဲ။
ဦးအောင်သန်းကျော်။ ။ အမျိုးအစား အလိုက်တစ်ဧက ကုန်ကျစရိတ် နဲ့ အကျိုးအမြတ်တွေ ကတော့ ပွင့်ဖြူမျိုးနဲ့ ဘောလုံးမျိုး ဆိုရင် တစ်ဧကကို ကုန်ကျစရိတ် ကျပ် ၁၂၇၂၀၀၀ ကုန်ကျနိုင်ပြီး၊ အကျိုး အမြတ်အားဖြင့် ကျပ် ၇၂၈၀၀၀ ရှိပါတယ်။ တရုတ်မျိုးဆိုရင် တစ်ဧက ကို ကုန်ကျစရိတ် ကျပ် ၁၅၈၀၀၀၀ ခန့် ကုန်ကျနိုင်ပြီး၊ အကျိုးအမြတ် အားဖြင့် ကျပ် ၉၂၀၀၀၀ ရှိပါတယ်။ နယ်သာလန်မျိုးဆိုရင် တစ်ဧက ကို ကုန်ကျစရိတ်ကျပ် ၁၅၃၀၅၀၀ ခန့်ကုန်ကျနိုင်ပြီး၊ အကျိုးအမြတ် အားဖြင့်ကျပ် ၁၇၁၉၅၀၀ ရှိပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ ဘယ်လို မြေသြဇာတွေကို သုံးစွဲပါသလဲ။
ဦးအောင်သန်းကျော်။ ။ အာလူး အမျိုးအစားအလိုက် မြေသြဇာ သုံးစွဲမှု တစ်ဧကနှုန်းမှာ ပွင့်ဖြူမျိုးနဲ့ ဘောလုံးမျိုးကို နွားချေး ၁၀ ကျင်း၊ ယူရီးယား ကီလိုဂရမ် ၁၀၀၊တီစူပါ ကီလိုဂရမ် ၅၀၊ ပိုတက် ကီလိုဂရမ် ၁၀၀ စီသုံးစွဲပါတယ်။ တရုတ်မျိုးကိုတော့ နွားချေး ၇ ကျင်း၊ ယူရီးယား ၁၂၅ ကီလိုဂရမ်၊ တီစူပါ ၅၀ကီလိုဂရမ်၊ ပိုတက် ကီလိုဂရမ် ၁၀၀ ၊ ရွက်ဖျန်း တစ်ကီလိုဂရမ် သုံးစွဲရပါတယ်။ နယ်သာလန်မျိုးကို တော့ နွားချေး ၅ကျင်း၊ တီစူပါ ၇၅ကီလိုဂရမ်၊ ပိုတက် ကီလိုဂရမ် ၁၀၀၊ ကွန်ပေါင်း ကီလိုဂရမ် ၃၀၀၊ ရွက်ဖျန်း ၁ ဒသမ ၅ ကီလိုဂရမ်၊ အမိုးနီးယား ကီလိုဂရမ် ၁၀၀ သုံးစွဲရပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အာလူး စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်တို့မှာ ကျရောက် တတ်တဲ့ ရောဂါနဲ့ ပိုးတွေက ဘာတွေပါလဲ။
ဦးအောင်သန်းကျော်။ အာလူးမှာ ကျရောက်တတ်သော ရောဂါများ ကတော့ ဘက်တီးရီးယား ကျရောက်တဲ့ ရောဂါကြောင့် အာလူး ဥများပုပ်ခြင်း၊ စိုက်ခင်းများ ပျက်စီးခြင်း၊ အထွက်နှုန်း လျော့ကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မှိုစွဲရောဂါလည်း ကျရောက် တတ်ပါ တယ်။ မှိုစွဲရောဂါဟာ ပင်စည်မှာကျရောက်တတ်သော်လည်း မြေကြီး ထဲမှ ဥအထိ ကူးစက်တတ်လို့ အထွက်နှုန်းကို လျော့ကျစေနိုင်ပါ တယ်။ ဒီရောဂါတွေဟာ စိုက်ပျိုးစနဲ့ ရိတ်သိမ်းချိန်တို့မှာ ဝင်ရောက် တတ်လို့ အာလူးစော ပင်ကျရောဂါနဲ့ နှောင်းပင်ကျ ရောဂါများလို့ စိုက်ပျိုးရေးဌာနက ထုတ်ပြန်ထားပါ တယ်။ အာလူးမှာ ကျရောက် တတ်တဲ့ ပိုးမွှားရောဂါတွေကတော့ မျက်ဆံပိုးထိုးဟာဆိုရင် မျိုးဥများ မှာ ကျရောက်တတ်သလို၊ စိုက်ခင်းတွေမှာလည်း ကျရောက်တတ်ပါ တယ်။ ဒါ့အပြင် အာလူးကို သိုလှောင်ထားချိန်မှာလည်း ကျရောက် တတ်ပါတယ်။
စတင် စိုက်ပျိုးချိန်မှာ ကျရောက်လာမယ့် အဖျက်ပိုးများကို ကာကွယ်ဖို့အတွက် မြေအောင်း ပိုးသတ်ဆေးကို ထည့်ပေးရပါတယ်။ပင်ဖြတ်ပိုးကတော့ ပျိုးခင်းမှာကျရောက် တတ်ပါတယ်။ စုပ်စားပိုး ဖြစ်တဲ့ ယင်ဖြူ၊ ပျ၊ လှေး၊ သရစ်တို့ကတော့ စိုက်ခင်းမှာသာမက အာလူးဥများအထိ ကျရောက်နိုင်ပါတယ်။ အခက်အရွက်စားပိုး (ငါး မြှောင်တောင်)ကတော့ စိုက်ပျိုးပြီး ရက် ၃၀ ခန့်မှာ စတင် ကျရောက် တတ်ပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ ဈေးကွက်အခြေအနေနဲ့ ထုပ်ပိုးသိုလှောင်မှု အခြေအနေ ကို ပြောပြပါ။
ဦးအောင်သန်းကျော်။ အာလူးကို ရန်ကုန်ဈေးကွက်နဲ့ အောက်မြန်မာ နိုင်ငံ ဒေသများသို့ ဆက်လက်ဖြန့်ချိပြီး၊ မန္တလေး၊ မုံရွာဈေးကွက်မှ အထက်မြန်မာပြည်ဈေးကွက်များသို့ ဆက်လက်ဖြန့်ချိပါတယ်။ ထုပ်ပိုးမှုအနေနဲ့ကတော့ အာလူးသီးနှံမှာ တူးဖော်စဉ်ကပင် အစို ဓာတ်ပါလာခြင်း၊ ဘက်တီးရီးယား၊ မှိုရောဂါနှင့် ဗိုင်းစ်ရပ်ကပ်ပါး ပိုးများ ပါဝင်လာနိုင်ခြင်းတွေကြောင့် သိုလှောင်ထိန်းသိမ်းရန် ကာလ တို တောင်းပါတယ်။ သိုလှောင်စဉ် ကာလမှာ ဥထိုး ဖလံပိုးကျ ရောက် တတ်ပြီး သိုလှောင်ရုံမှာ မသိုလှောင်မီကပင် ပိုးသတ်ဆေးဖျန်းပြီးကာ ကွယ်ဖို့ လိုအပ်ပါတယ်။ သိုလှောင်စဉ်ကာလ တစ်လမှာ သိုလှောင် ကုန်စည်ရုံရဲ့ ၂၀ ရာခိုင်နှုန်းခန့် ဥပုပ်ခြင်း၊ အလေးချိန်လျော့ကျခြင်းတို့ ကြောင့် ပျက်စီးဆုံးရှုံးတတ်ပါတယ်။ ယခုအခါမှာတော့ အအေးခန်း သိုလှောင်ရုံများ တည်ဆောက် သိုလှောင်နိုင်ဖို့ အစုအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အာလူးမျိုးထား စိုက်ပျိုးမှုနဲ့ ပိုးမွှားများကို မနှိမ်နင်း နိုင်ပါက ကျရောက်မယ့် အနေအထားကို ပြောပြပေးပါ။
ဦးအောင်သန်းကျော်။ ။ အာလူးကိုအထူးသဖြင့် ဟဲဟိုးမှာ တစ်နှစ် ပတ်လုံး စိုက်ပျိုးပါတယ်။ နယ်သာလန်မျိုး ကိုးမျိုးကို စိုက်ပျိုးပါ တယ်။ အာလူးကို မျိုးပေါင်း ၂၀ ကျော် စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်။ အမေရိကန်မျိုးလည်း ပါဝင်တယ်။ အာလူးမှာ ှအမေခ့ က အဓိကကျ ပါတယ်။ှအမေခ့ များမှ မျိုးအောင်တယ်။ အာလူးကို မျိုးထားလို့ ရပါ တယ်။ မြန်မာနိုင်ငံမှာ အာလူးမျိုးကို စနစ်တကျ ထိန်းသိမ်းနိုင်ခြင်း မရှိပါဘူး။ အာလူးမျိုးစေ့ ထုတ်လုပ်ရာမှာ အဓိက လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းများ ရှိပါတယ်။ စုပ်စားပိုးကို ထိန်းနိုင်ဖို့ အရေး ကြီးပါတယ်။ မထိန်းနိုင်ပါက ဗိုင်းစ်ရပ်ပိုးဝင်ပြီး အရွက်များတွန့်ခြင်း၊ ဝါသွားခြင်းတို့ ဖြစ်တတ်တယ်။ ဗိုင်းစ်ရပ် သုံးမျိုး ရှိပါတယ်။ ယခင်က ဗိုင်းစ်ရပ်ပြဿနာ နည်းပါးခဲ့ပေမယ့် တရုတ်နိုင်ငံ အောက်လမ်းက ဝင်လာတဲ့ အာလူးမှာ ဗိုင်းစ်ရပ်များ ပါဝင်နေတယ်လို့ သိရပါတယ်။ စုပ်စားပိုးများက ဃမေမငနမ အနေနဲ့ သွားတယ်။ အောက်လိုင်းက ဝင် လာတဲ့ အာလူးမျိုးများကို တရားဝင်သွင်းရန် လိုအပ်ပါတယ်Starch အရ တားမြစ်လို့မရဘူးဆိုတာကိုတော့ သိပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ ဝယ်ယူ အသုံးပြုတဲ့ အခြေအနေနဲ့ SME လုပ်ငန်းများရဲ့ အခြေအနေကို ပြောပြပေးပါ။
ဦးအောင်သန်းကျော်။ ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာကလည်း ဈေးကြီးနေပါတယ်။ တရားမဝင် အောက်လမ်းက ဝင်လာတဲ့ ပိုးသတ် ဆေး ကျပ် ၅၀၀ တန်ကို ကုမ္ပဏီ တံဆိပ်တပ်လိုက်တာနဲ့ ဈေးကကျပ် ၂၀၀၀ တန် ဖြစ်သွားတယ်။ အထောက်အထားတော့ မရှိပါဘူး။ ဒါ့ကြောင့် SME ကို ပံ့ပိုးမှသာလျှင် နိုင်ငံတိုးတက်မှာ ဖြစ်ပါတယ်။
တောင်သူများအနေနဲ့ စာပေတတ်ကျွမ်းမှု အားနည်းတဲ့အတွက် ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးမှာ ဗ၁ (အဆိပ်ရှိပစ္စည်း) ကို မြန်မာလို ရေးသားဖော်ပြရန် လိုအပ်ပါတယ်။ နိုင်ငံတကာမှာ မြေသြဇာတစ် အိတ်ကို အမေရိကန်ဒေါ်လာ ၂၀ နဲ့သုံးစွဲ နေချိန်မှာ ပြည်တွင်း တောင်သူတွေမှာ အမေရိကန်ဒေါ်လာ ၄၀ နဲ့ သုံးစွဲနေရပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် နှစ်ဆဖြစ်နေပါတယ်။ နိုင်ငံတကာမှ ချေးငွေ များပေးသော်လည်း အောက်ခြေမှာ တကယ် လုပ်တဲ့သူတွေ ချေးငွေ မရရှိပါဘူး ။ ဟဲဟိုးအာလူး အစု အဖွဲ့မှ အအေးခန်း သိုလှောင်ရုံအတွက် လုပ်ငန်းစီမံချက်နဲ့ တကွ ၅ နှစ် ချေးငွေတင်ထားပါတယ်။ချေးငွေ ရရှိပါက အအေးခန်း တည်ဆောက်သွားမှာဖြစ်ပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အာလူးကြော် ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး သိသလောက် ပြောပြပေးပါ။
ဦးအောင်သန်းကျော်။ ။ အာလူးကြော် ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်ကို ပြောရမယ်ဆိုရင်တော့ အာလူး ပိဿာ ၅၀ ကို ကျပ် ၆၅၀ နှုန်းနဲ့ ကျပ် ၃၂၅၀၀ ကျသင့်ပါတယ်။ ဆီ ၁၀ ပိဿာကို ကျပ်၂၀၀၀နှုန်းနဲ့ ကျပ် ၂၀၀၀၀ ကုန်ကျပါတယ်။ ပလပ်စတစ်ထုပ်ပိုးမှုအတွက် တစ်ပေါင်အိတ်ကို ကျပ် ၁၁၀၀ နှုန်းရှိပါတယ်။ ထင်း၊ မီးသွေးဖိုးက ကျပ် ၄၀၀၀ ကုန်ကျမှာဖြစ်ပါ တယ်။ လုပ်သားခအနေနဲ့ ကျပ် ၈၀၀၀ ပေးရမှာ ဖြစ်ပါတယ်။ အာလူးအခွံချွတ်ခက ပိဿာ ၅၀ ကိုကျပ် ၅၀ နှုန်းနဲ့ ကျပ်၂၅၀၀ ကုန်ကျပြီး လှီးဖြတ်မှုအတွက် နေ့စား ငှားရင် တစ်ဦးအတွက် ကျပ် ၄၀၀၀ ပေးရမှာဖြစ်ပါတယ်။ ကြော်ခ ပိဿာ ၅၀ ကို ကျပ်၃၀ နှုန်းနဲ့ ကျပ် ၁၅၀၀ အပါအဝင် စုစုပေါင်းကျပ် ၆၅၆၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။
အာလူးအချိန်၅၀ ကို ကြော်ပါက အာလူးကြော် ၁၁ ပိဿာ ခန့်ရပါတယ်။ အာလူးအကျိုး အကြေတစ်ပိဿာ နုတ်ပါက ၁၀ ပိဿာ ကျန်ရှိပါတယ်။ ကျပ် ၁၀၀၀ တန်အထုပ်တစ်ထုပ်ကို ၁၅ ကျပ်သားထုပ်ပါက အထုပ်ပေါင်း ၇၅ ထုပ်ခန့်ရပါတယ်။ ကျပ် ၅၀၀ တန် အထုပ်တစ်ထုပ်ကို ၇ဒသမ ၅၀ ကျပ်သားထုပ်ပါက အထုပ် ပေါင်း ၁၄၀ ခန့်ရရှိနိုင်ပါတယ်။ အမြတ်ငွေ အနေဖြင့် ကျပ် ၉၄၀၀ ကျန်ရှိရာ၊ အမြတ်ရာခိုင်နှုန်း ၁၄ ဒသမ ၃၂ ရာခိုင်နှုန်းရှိပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အာလူးကို ပြည်ပပို့တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ပြောပြစေလိုပါတယ်။
ဦးအောင်သန်းကျော်။ ။ အာလူးကို ပြည်ပပို့တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ အာလူးစိုက်ပျိုးထုတ်လုပ်မှု အားကောင်းတဲ့အတွက် အဓိက ကုန်သွယ်ဖက်နိုင်ငံကြီးတွေမှာ ဈေးကွက်မရရှိဘဲ ဖြစ်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း အာလူး စိုက်ပျိုး ထုတ်လုပ်မှုရှိနေတဲ့အတွက် ဈေးကွက်ထိုးဖောက်မှု ခက်ခဲနေပါတယ်။ ဒါ့အပြင် နယ်စပ် ဖြတ်ကျော် ကုန်သွယ်မှု ပြုလုပ် နိုင်တဲ့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ဝယ်လိုအားများ မရရှိခြင်း၊ ပုံမှန် ကုန်သွယ်မှုအရ ပြည်ပတင်ပို့နိုင်ဖို့ရာအတွက် ကောင်းမွန် တဲ့ စိုက်ပျိုးထုတ်လုပ်မှုကျင့်စဉ် ွဗဏ အရ စိုက် ပျိုးထုတ်လုပ်ရန် နည်းပညာ၊ ငွေကြေး၊ အခက်အခဲများ ရှိနေပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အာလူးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြား ဘာတွေများ အကြံပြုပြောစရာရှိပါသလဲ။
ဦးအောင်သန်းကျော်။ ။ အခုဆိုရင် ဟဲဟိုး စိုက်ခင်းအတွင်းမှာ ကုန်ထုတ်လမ်းတွေ ပျက်စီးနေပါတယ်။ ဟဲဟိုးမှ ရန်ကုန်ကို အာလူး တစ်ပိဿာ သယ်ယူပို့ဆောင်ခ ကျပ် ၄၀ သာ ပေးရသော်လည်း ၊ ဟဲဟိုးမှာတော့ သုံးမိုင်ပတ်လည်ကို တစ်ပိဿာ ကျပ် ၃၀ ပေးနေရပါတယ်။ လမ်းပြင်ဖို့အတွက် တောင်သူတွေကို စည်းရုံး ရာမှာလည်း ခက်ခဲနေပါတယ်။ ဟဲဟိုးဆည်ရဲ့ ရေထွက်နေရာ ကိုလည်း ပြုပြင်ဖို့ လိုအပ်နေပါတယ်။ ဟဲဟိုးဆည်ဟာ တောင်သူများရဲ့ အသက် သွေးကြောဖြစ်ပါတယ်။ ဟဲဟိုးမှာ ဟင်းသီး ဟင်းရွက်ကို အဓိကစိုက်ပျိုးလျက်ရှိရာ စပါးထက် အကျိုးအမြတ်ရရှိပါတယ်။ စပါး ကျွမ်းကျင်ဝန်ထမ်းကို ဟဲဟိုးမှာ တာဝန်ပေးပါက အဆင်မပြေနိုင်သလို ယုံကြည်မှု တည်ဆောက်ဖို့လည်း မလွယ်ကူနိုင်ပါဘူး။ လယ်ကွင်း၊ ယာခင်းထဲအထိ လက်တွေ့ ကွင်းဆင်းမယ့်သူများကိုသာ မျှော်လင့်ပါတယ်။ နိုင်ငံတကာမှ ပညာရှင်များဟာ ဖုန်ထဲ၊ ဗွက်ထဲမှာလည်း လက်တွေ့ဒူးထောက် စမ်းသပ်အဖြေရှာကြပါတယ်။
မြန်မာနိုင်ငံမှာ သုတေသန ပြုလုပ်မည့်သူများကို ကြည်ဖြူစွာ အသုံးချခွင့် ရစေလိုပါတယ်။ သုတေသနပိုင်းမှာ အားနည်းခဲ့တဲ့အတွက် မတိုးတက်ခဲ့တာ ဖြစ်ပါ တယ်။ စပါးသာမက သီးနှံအလိုက် ပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့ကျအောင် စက်မှုကဏ္ဍဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးပါရန်နဲ့ နည်းပညာ လိုအပ်မှုများ ဖြည့်ဆည်းပေးပါရန် အာလူး ထုတ်လုပ်သူ တောင်သူများအတွက် ွဗဏဖော်ဆောင်မှု မြှင့်တင်ပေးပါရန်နဲ့ နယ်သာလန် အာလူးမျိုးသည် မျိုးစိုက်ထုတ်မှု၏ ၁၀ ဆကျော်ထွက်ရှိရာ၊ ထွက်ရှိ သော အာလူးများကို အအေးခန်းနှင့်ထားပြီး သိုလှောင်မှုဖြည့်တင်းနိုင်မည်ဆိုပါက အာလူး စိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။
ပြည်နယ်ဦးစီးမှူး။ ။ အခုလို အာလူးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချမှုနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ဦးအောင်သန်းကျော်ကို အထူးကျေးဇူးတင်ရှိပါတယ်။ ယခု ဆွေးနွေးချက်များမှ တတ်နိုင်သည့်အပိုင်းများကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မိမိတို့ ဌာနအနေနဲ့လည်း အာလူးတောင်သူများရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို အထက်ဌာန အဆင့်ဆင့် သို့ ဆက်လက်တင် ပြပေးသွားမှာဖြစ်ပါတယ်။
ဦးအောင်သန်းကျော်။ ။ ဟုတ်ကဲ့ပါ ကျွန်တော့်အနေနဲ့လည်း ကျွန်တော်တို့ အာလူး စိုက်ပျိုးမှုနဲ့ပတ်သက်ပြီး ပြောကြားခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။