ဝဥ စိုက်ပျိုးခြင်းဖြင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ဝဥ စိုက်ပျိုးခြင်းဖြင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်
နိုင်ငံတော်မှ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရန်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့် ရှာဖွေနိုင်ရန်အတွက် အမျိုးသား ပို့ကုန်မဟာဗျုဟာအရ ပို့ကုန်မြှင့်တင် မည့် ဦးစားပေးကဏ္ဍ ခုနစ်ရပ်အဖြစ် ဆန်နှင့် ဆန် ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက် ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်၊ သစ်နှင့် သစ်တောထွက်ပစ္စည်း၊ ခရီးသွားလုပ်ငန်း၊ ရော်ဘာတို့အပြင် ဟင်းသီး ဟင်းရွက်နှင့် သစ်သီး ဝလံ ပန်းမန်များကိုပါ ဦးစားပေးကဏ္ဍတွင် ထည့် သွင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဝဥခြောက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပြည်ပသို့ ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုစာရင်းကို လေ့လာကြည့်ပါက နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာသန်း ဆယ်ဂဏန်းဖြင့် နှစ်စဉ် ဝင်ငွေရရှိ နေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရှိရသည်။
ဝဥခြောက်ကို တရုတ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံ များ ဝယ်ယူကြောင်းသိရှိရပြီး အသုံးပြုပုံမှာ စား သောက်ကုန်နှင့် ဆေးဝါးများတွင် အဓိကအသုံးပြု ကြောင်း သိရှိရသည်။ ဂျပန်နိုင်ငံတွင် အမှုန့်ပြု လုပ်၍ ကော်ပြန့်၊ ခေါက်ဆွဲ၊ ဖိလစ်ပိုင်နိုင်ငံတွင် ပေါင်မုန့်၊ အရက်၊ ဝိုင်ချက်လုပ်ခြင်း၊ တရုတ်နိုင်ငံ တွင် အစားအစာ၊ ခေါက်ဆွဲ၊ အသားတု၊ မုန့်များပြု လုပ်ရာတွင် ထည့်သွင်းအသုံးပြုပြီး ကိုလက်စထ ရော၊ အဆီကျဆေးများ ဖော်စပ်ရာတွင် ဆေးဝါး အဖြစ် အသုံးပြုကြောင်း သိရှိရသည်။
ထို့အပြင် ဝဥကို စက္ကူလုပ်ငန်း၊ ကော်အမျိုး မျိုး၊ ချည်ထည်လုပ်ငန်း၊ ခန္ဓာကိုယ်လိမ်း အလှဆီ၊ ခေါင်းလိမ်းဆီများ ထုတ်လုပ်ရာတွင် အကူပစ္စည်း အဖြစ် အသုံးပြုကြောင်း သိရသည်။ ဝဥတွင် ပါဝင် သော ြညေညညေ ဓာတ်တွင် ခန္ဓာကိုယ်အတွက် အရေးကြီးသော သဘာ၀ အမျှင်ဓာတ်များ ပါဝင် ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်ကို စုပ်ယူနိုင် ကြောင်း သိရှိရသည်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်၍ အစာအိမ်အူလမ်းကြောင်း ကင်ဆာရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးပြီး အာဟာရဓာတ် ၁၅ မျိုးပါဝင်ကြောင်း သိရှိရသည်။
ဝဥ၏ မူရင်းဒေသသည် အရှေ့တောင် အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများ တွင် သဘာဝအလျောက် ပေါက်ရောက်သည်။ အဆိုပါ ဝဥ မျိုးရင်း Areceae မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည်မှာAmorphophallus Companuatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam (or) White Yam (or) Telingo ဟုခေါ်သည်။ ကမ္ဘာ ပေါ်တွင် ဝဥ မျိုးစေ့ပေါင်း ၁၃၀ ခန့်ရှိသည့်အနက် ၁၂ မျိုးခန့် ဖော်ထုတ်သုံးစွဲလျက် ရှိကြောင်း လေ့လာသိရှိရသည်။
ဝဥကို မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်တို့တွင် စီးပွားဖြစ်စိုက်ပျိုး ကြောင်း သိရပြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင်လည်း သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ကြောင်း သိရှိရသည်။
မြန်မာပြည်ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေသော ဝဥအမျိုးအစားမှာ သုံးမျိုးခန့် ရှိပြီး အနီ၊ အဝါနှင့် အဖြူရောင်တို့ဖြစ်ပြီး အနီရောင်မှာ ပထမတန်းစား၊ အဝါရောင်မှာ ဒုတိယ တန်းစား၊ အဖြူရောင်မှာ တတိယတန်းစားတို့ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ကလေး၊ ဖောင်းပြင်မြို့နယ်များရှိ တောတောင် များတွင် အဖြူရောင်မျိုးစိတ်များအား သဘာ၀ ပေါက်ပင်အဖြစ် တွေ့ရှိရသည်။
ဝဥသည် အပူပိုင်းဒေသ မိုးများ၊ မြေနိမ့် လွင်ပြင် သစ်တောဒေသများကို ကြိုက်နှစ်သက်ပြီး အပူချိန်နိမ့်ပြီး ပေ ၅၀၀၀ ခန့်မြင့်မားသော မိုးများ သည့် ကုန်းမြင့်ဒေသများတွင် ဖြစ်ထွန်းသည်ဟု ဆိုပါသည်။ ဝဥ အား စိုက်ပျိုးမည်ဆိုပါက မြေပြင် ခြင်းအပိုင်းတွင် အခြားသီးနှံများစိုက်သကဲ့သို့ စိုက်ပျိုးရန် ရွေးချယ်ထားသည့် မြေပေါ်မှသစ်ပင် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းပြီး ထယ်တစ်လွှာ၊ ထွန်နှစ်လွှာဝင်ပြီး မြေပြုပြင်ရ သည်။ ထို့နောက် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင် ပေးရပါသည်။ ပင်ကြား၊ တန်းကြားနှင့် တစ်ဧက အပင်အရေအတွက်အနေဖြင့် တန်းကြား လေးပေ၊ ပင်ကြားနှစ်ပေ စိုက်ပျိုးပြီး တစ်ဧက ၅၄၅၅ ပင် အနည်းဆုံးဝင်ဆံ့နိုင်အောင် စိုက်ပျိုးသင့်သည်ဟု ဆိုပါသည်။
ဝဥကို စနစ်တကျစိုက်ခင်းများအဖြစ် ဧက များစွာ စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးဥများ လုံလောက်စွာရရှိအောင် စနစ်တကျစီမံဆောင် ရွက်ရန် လိုအပ်ပါသည်။ ဝဥမျိုးပွားနည်း လေးမျိုး ရှိရာ ပထမနည်းမှာ ၃၀ ကျပ်သားအရွယ်ရှိ ဝဥကို တိုက်ရိုက်ချပြီး စိုက်ပျိုးနိုင်ပါသည်။ အနည်းဆုံး ၃၀ ကျပ်သားအရွယ်ရှိသည့် ဥများကို မျိုးဥအဖြစ် အသုံးပြုစိုက်ပျိုးမှသာ နှစ်ချင်းအသုံး ပြုနိုင်သည့် ရောင်းတန်းဝင် ဥကြီးများကို ရရှိနိုင်မည်ဖြစ်သည်။
ဒုတိယမျိုးပွားနည်းမှာ ဝဥပန်းခိုင်မှ ထုတ် လုပ်ရရှိသည့် မျိုးစေ့ငယ်များကို ပထမနှစ်အနေ ဖြင့်စတင်၍ ပျိုးပေါင်တွင် စိုက်ပျိုးရပါသည်။ အဆိုပါမျိုးပင်လေးများမှ ပထမနှစ်အတွင်း မျိုးဥ အငယ်လေးများကို ရရှိပြီးမှ ဒုတိယနှစ်တွင် ဆက်လက်ပြီး ပျိုးပေါင်နှင့် စိုက်ပျိုးမှသာ ဥပိုကြီး လာအောင် ပျိုးထောင်စိုက်ပျိုးထားခြင်းဖြင့် ၃၀ ကျပ်သားအရွယ် မျိုးဥများကို ရလာနိုင်ပြီး နောင် နှစ်တွင် မျိုးဥအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
တတိယအဆင့်မျိုးပွားနည်းမှာ မြေအောက် မှရရှိသည့် ဝဥ၏ ဥပွားများကို ခွဲယူပြီး မျိုးအဖြစ် လည်းစိုက်ပျိုးနိုင်ပါသည်။ စတုတ္ထမျိုးပွားနည်းမှာ အရွက်မှအသီး (အရွက်သီး)များကို စိုက်ပျိုးခြင်း ဖြင့်လည်း ဝဥပျိုးပင်ကို ရရှိနိုင်ပါသည်။
ဝဥကို စိုက်ခင်းတွင် မြေချစိုက်ပျိုးခြင်းမှာ နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိရာ ကျေးလက် ဒေသမှ စိုက်ပျိုးသည့်နည်းတစ်နည်းကို ဖော်ပြရ မည်ဆိုပါက ဝဥမျိုးဥများကို စိုက်ပျိုးရန် စိုက်ကျင်း ပြင်ရာမှ (၆ဓ ထ ၆ဓ )အကျယ်အဝန်းမှ (၆ဓ)အနက် ခန့် ကျင်းပြင်(မြေမွ၊ ပေါင်းမြက်ကောက်) အပေါ်ယံ (၂ဓ)ခန့်မှ ဝဥကို မြေဖုံးမိရုံဖုံးပြီး စိုက်ပျိုးရပါသည်။ မြေတွင်လွန်စွာနက်အောင်မြှုပ်၍ မစိုက်ပျိုးသင့် ပါ။ မြေချစိုက်ပျိုးခြင်းကို မြန်မာနိုင်ငံ ရာသီဥတု အရ မိုးဦးရာသီ၊ မေလမှစတင်၍ စိုက်ပျိုးသင့် ပါသည်။
ဝဥအား အပင်ပြုစုခြင်းမှာ စိုက်ပျိုးထား သည့် ဝဥအညွှန့်ထွက်ကာ မြေပေါ်အပင်ပိုင်း ကြီးထွားလာပြီး အမြစ်များပေါ်လာသည့်အခါ ပေါင်းသင်၊ မြေဆွ၊ ပေါင်လုံး၊ မြေဖုံးပေးရသည်။ ရေမဝပ်ရန်အတွက် အထူးဂရုစိုက်ရန် လိုအပ်ပါ သည်။ စိုက်ခင်းတွင် အရိပ်များမရှိပါက ၆၀ ရာခိုင် နှုန်း အရိပ်ရအောင် ပြုလုပ်ပေးသင့်ပါသည်။
ဝဥသည် ပိုးမွှားရောဂါကျရောက်မှုကြောင့် ပျက်စီးမှုနည်းပါးပါသည်။ သို့သော်လည်း တစ်ခါ တရံ ရွက်စားပိုးများ ကျရောက်တတ်ပါသည်။ ဝဥကို ဒဏ်ရာထိခိုက်မှုရှိပါက ပုပ်ရိရောဂါ ဝင်နိုင် သဖြင့် အပင်ပြုစုနေစဉ် ဝဥကို မထိခိုက်မိအောင် သတိထားဖို့လိုပါသည်။ တစ်ခါတရံ ဝဥပင် စည်များ ထိခိုက်မိသည့် ဒဏ်ရာအပေါက်မှ အစေး များထွက်ပြီး အပင်နာနိုင်ပါသည်။ သို့ဖြစ်၍ ပင်စည်များကို ဒဏ်ရာမရအောင် ဂရုစိုက်သင့်ပါ သည်။ ဥများဒဏ်ရာရ၍ ပုပ်စပြုချိန်တွင် ပုပ်သီး အပိုင်းငယ်ကလေးကို ဇွန်းနှင့် အပုပ်ပိုင်းကုန် အောင် ခြစ်ပစ်ပြီး မြေနှင့်လူးနယ်ဖုံးပေးလျှင် ဆက်ပြီးပုပ်ရိပျက်စီး ခြင်းမှ တားဆီးနိုင်မည် ဖြစ် ပါသည်။
ဝဥကို နွေအကုန် မိုးဦးကျမှ စတင်စိုက် ပျိုးပြီး မိုးကုန် ဆောင်းဦးရာသီ နိုဝင်ဘာ၊ ဒီဇင် ဘာလများတွင် မြေပေါ်ပင်ပိုင်း ညှိုးခြောက်သွား ချိန်တွင် တူးဖော်ရိတ်သိမ်းရပါသည်။ တစ်ဧက စိုက်ပျိုးစရိတ် ကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအထိ ကုန်ကျပြီး တစ်ဧက တစ်နှစ်ပျမ်းမျှအထွက် ဝဥ (အစို) ပိဿာ ၃၀၀၀ မှ ၅၀၀၀ ထိ ထွက်ရှိကြောင်း သိရပြီး တစ်ပိဿာ ကျပ် ၄၅၀ မှ ကျပ် ၅၀၀ ထိ ဈေးရှိသဖြင့် တစ်ဧက တစ်နှစ်ဝင်ငွေ ကျပ် ၁၅ သိန်းနှင့်အထက် ဝင်ငွေရရှိနိုင်သည်။ သို့ဖြစ်၍ ဝဥကို စနစ်တကျ စိုက်ပျိုးထုတ်လုပ် ရောင်းချခြင်း ဖြင့် တစ်ဦးချင်း ဝင်ငွေသာမက ပြည်ပပို့ကုန်ကိုပါ တိုးမြှင့်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။