ဝါးလုံးခေါင်းထဲမှာပဲသာနေတော့မှာလား
ယနေ့ စီးပွားရေးလုပ်ငန်းလုပ်ကြရာမှာ ကုန်ထုတ်လုပ်ငန်းရော၊ ဝန်ဆောင်မှုလုပ်ငန်းရော အမျိုးမျိုးလုပ်ကိုင် နေကြပါတယ်။ ထုတ်လုပ်လိုက် တဲ့ ကုန်ချောပစ္စည်းတွေကလည်း တီထွင်ဆန်းသစ် တာက နည်းနည်း။ အားလုံးလို လို က မဲပြာပုဆိုး၊ အရင်အတိုင်း မိရိုးဖလာတွေထဲကနေ မဆန်း သစ်နိုင်၊ မဖန်တီးနိုင်ကြတာ တွေ့ရပါတယ်။ ဝန်ဆောင်မှုအပိုင်းတွေမှာ လည်း ဒီလိုပါပဲ။ ကြော်ငြာတွေ၊ ရုပ်ပြတွေမှာ ကောင်းသလောက်၊ တကယ်တမ်းတော့ အပြည့်အဝ မဖြည့်ဆည်းနိုင် ကြပါဘူး။ မြန်မာလူမျိုးအများစုကလည်း ''ကဲပါ လေ ..ကိစ္စမရှိပါဘူး၊ ရပါတယ်။ သူလည်းစီးပွား ရှာနေတာပဲ''ဆိုတဲ့သဘောထားနဲ့ ထွက်ပေါက် ပေးရင်းနဲ့ဝန်ဆောင်မှုအရည်အသွေးတွေ တက် မလာေ တာ့ပါဘူး။ဒါပေမဲ့ အခုတော့ ဒီလိုအနေအထားတွေ အတိုင်း ဆက်ပြီး ပျော်မွေ့နေမယ်။ အိပ်ပျော်နေ မယ်။ သာယာ နေမယ်ဆိုရင်တော့ နိုင်ငံတကာမှာ ကျွန်တော်တို့နိုင်ငံကို ရှေးဟောင်းပြတိုက်အဖြစ်ပဲ စိတ်ဝင်စားပြီး လာကြည့် ကြ ပါလိမ့်မယ်။အခုဆိုရင် ခေတ်မီလာပါပြီ။ ICT လောက မှာ ဝင်ဆံ့လာပြီ။ ဒါဟာလည်း တိုးတက်မှုရဲ့ အသီး အပွင့်ပါပဲ။ ဒါပေမယ့် အဲဒီအသီးအပွင့်ကို စနစ်တကျအသုံးမပြုကြဘဲ လူမှုကွန်ရက်ကလေး သုံးရုံေ လာက်၊ ဖုန်းကလေး ထိုင်ပြော ရုံလောက်၊ Chatting လေး ထိုင်ပြောရုံလောက်နဲ့ ကျေနပ်မနေ သင့်ပါဘူး။လောဘကြီး ကြစေလိုပါတယ်။ကိုယ်ဘာလုပ်ငန်းလုပ်သလဲ၊ ဘယ်လိုဘယ် လောက်ထုတ်လုပ်နေ သလဲ၊ ဘယ်လောက်ငွေကြေး ပမာဏ ဝင်သလဲ၊ အရည်အသွေးအဆင့်အတန်းက ဘယ်လိုလဲဆိုတာ ကိုယ်ပဲအသိဆုံးပါ။ ဒါဆိုရင် လက်ကိုင်ဖုန်းထဲက အင်တာနက်မှာ မြန်မာရော၊ ကမ္ဘာမှာပါ နာမည်ရနေတဲ့ အမျိုးတူစီးပွားရေး လုပ်ငန်းတွေ ရှာကြည့်လိုက်ပါ။ ကိုယ်တို့ ဆီမှာ ဘာတွေလိုအပ်နေသလဲ။ အခြေအနေတွေ၊ အနေ အထားတွေ နှိုင်းယှဉ်လိုက်ရင် အဖြေထွက်လာ မှာပါ။
လိုအပ်ချက်တွေ၊ ခြားနားချက်တွေ တပုံတ ခေါင်းကြီးတွေ့ရမှာပါ။ ဒါတွေကိုခြုံငုံကြည့်ရင် ပမာဏများတယ်လို့ ထင်ရပေမယ့် တစ်ခုချင်း အချိန်ယူ ခွဲခြမ်းစိတ်ဖြာဖြေရှင်းကြည့်လိုက်ရင် နည်းလမ်းတွေထွက်လာပြီး အချိန်အတိုင်း အတာ တစ်ခုမှာ ဖြေရှင်းပြီးဖြစ်သွားတတ်ပါတယ်။
အခုဆိုရင် အရင်က နိုင်ငံတကာမှာသွား ရောက်နေထိုင် လုပ်ကိုင်သက်မွေးနေကြတဲ့ ပညာ ရှင်တော်တော်များများဟာ ပြည်တွင်းကိုပြန်လာ နေကြပါပြီ။ သူတို့မှာ ပြည်ပအတွေ့အကြုံတွေ ပါလာကြပါတယ်။ ဟောပြောကြတဲ့ လူတွေလည်း ဟောပြောကြပါတယ်။ ဝေမျှကြပါတယ်။ သူတို့ဆီ က တစ်သက်တာ အတွေ့အကြုံကို နေ့တစ်ပိုင်း လောက် ထိုင်နားထောင်လေ့လာရုံနဲ့ ယူတတ်တဲ့သူ ဆိုရင် သူဘာဆက်လုပ်ရမယ်ဆိုတာ တခါတည်း တန်းပြီး နားလည်သွားပါတယ်။
ကိုယ်တိုင်က ကိုယ်ပိုင်ရည်မှန်းချက် ပထမ ရှိဖို့ လိုပါတယ်။ ကိုယ့်ပစ္စည်း၊ ကိုယ့်ထုတ်ကုန်ဟာ နိုင်ငံတကာဈေးကွက်မှာ ရှိတဲ့ပစ္စည်းနဲ့နှိုင်းစာရင် မယှဉ်နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းခံယူထားရပါမယ်။ ဒါမှလည်း သူတို့လိုဖြစ်အောင်၊ သူတို့ ထက်ကောင်းအောင်၊ ဘယ်နေရာမှာ ဘာတွေ ထပ် ဖြည့်ရမယ်။ သုတေသနတွေ ထပ်လုပ်ရမယ်။ ဘာတွေလိုအပ်နေသေးတယ်ဆိုတာတွေကို ပေါ့ ပေါ့ပါးပါး တွေ့လာမှာဖြစ်ပါတယ်။
ဒါကြောင့် လ ဟာသာမယ်ဆိုရင် တစ်လော ကလုံးအတွက် သာစေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သာသင့်ပါတယ်။ ဝါးလုံးခေါင်းထဲမှာ ဆိုရင်တော့ ကိုယ့်ပတ်ဝန်းကျင်လောက်ပဲ မဆိုစလောက်လင်း တဲ့ ပိုးစုန်းကြူးသာသာပဲ ဖြစ်မှာပါ။
စီးပွားရေးလုပ်ငန်းရှင်ကြီး၊ငယ်၊ ရွယ်၊ လတ်၊ သေး၊ မွှားတွေကို တိုက်တွန်းချင်တာက ဘာပဲထုတ် ထုတ်၊ ပြည်ပဈေးကွက်ဝင်သည်အထိ မျှော်မှန်းပြီး ထုတ်လုပ်ကြစေလိုပါတယ်။
ဘာလဲ၊ ကိုယ့်ပမာဏ၊ ကုန်ကြမ်း၊ ငွေကြေး အတွက် အားငယ်ပြီး နှမ်းတစ်စေ့နဲ့ဆီမဖြစ်ဘူး လို့ပြောချင်တာလား၊ ခင်ဗျားပတ်ဝန်းကျင်မှာ မျိုး နွယ်တူနှမ်းစေ့တွေအများကြီးရှိနေတာပဲ၊ ပေါင်း စပ် လိုက်ကြစမ်းပါ။ ဆီတွေထွက်လာပါလိမ့်မယ်။ စည်းလုံးခြင်းသည် အင်အားပေါ့။
ယခုလည်း နိုင်ငံတကာမှာ ဈေးကွက်ဝင် အဆင့်အတန်းမြင့်မားတဲ့ ထုတ်ကုန်တွေ ထုတ် လုပ်တင်ပို့ နေကြတာတွေ့နေရပါတယ်။ သူတို့ဘာ တွေအားသာကြလို့လဲ။ ကုန်ကြမ်း၊ အရည်အသွေး၊ ပမာဏလား၊ ငွေကြေး အရင်းအနှီးလား၊ နည်း ပညာလား၊ အဆက်အသွယ်လား၊ ဈေးကွက်လား၊ သူတို့တစ်ဦးတစ်ယောက်ကတောင် လုပ်နိုင်ရင် ငါတို့အသင်းအဖွဲ့အနေနဲ့ ဘာလို့မလုပ်နိုင်ရမှာလဲ။ ဒါဟာ ကောင်းသော ယှဉ်ပြိုင်ခြင်းလို့ ဆိုချင်ပါ တယ်။
ဘဝခရီးလမ်းပန်းမှာ တက်စရာတောင်တွေ အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံ ကြုံတွေ့ကြရမှာပါ။ တောင် ထိပ်ကို ကြည့်ပြီး စိတ်ပျက်အားငယ်ဖို့ မဟုတ်ပါ ဘူး။ ခြေလှမ်းစိပ်စိပ် ဇွဲရှိရှိနဲ့ကြိတ်ပြီးတက်ကြရမှာ ပါ။ အဆင်းမှာလည်း သတိရှိကြ ရမှာဖြစ်ပါတယ်။
ဒါကြောင့် ယနေ့စီးပွားရေး ဈေးကွက်မှာ ပြည်တွင်းမှာ နေရာတစ်နေရာရဖို့အတွက်ကို ရည် ရွယ်ရုံမျှမက၊ နိုင်ငံတကာဈေးကွက်မှာ Made in Myanmar ဆိုပြီး ဝင်ဆံ့နိုင်အောင် ဝိုင်းဝန်းကြိုး ပမ်းကြပါစို့လို့ ...။