တရုတ်စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးလာ

မကြာသေးမီကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ သည် သိသိသာသာ နှေးကွေးလျက်ရှိ သည်။ ယခုနှစ် ဇွန်လက ပေါ်ပေါက်ခဲ့သည့်စတော့ရှယ်ယာဈေး ကွက် လှုပ် လှုပ်ခတ်ခတ် ဖြစ်ပွားမှုကြောင့် တရုတ် နိုင်ငံသည် လူလတ်တန်းစားများများ ပြားစုံပြုံလာခြင်း အန္တရာယ်ထောင်ချောက် (Middle income trap)  တွင်းသို့   ကျ ရောက်တော့ မည် လားဆိုသည့် စိုးရိမ် မကင်းမှုများ တိုးပွားလာခဲ့သည်။ စီးပွား ရေးဖွံ့ဖြိုးမှု ပြန်လည်ရရှိရန် အစိုးရက စီးပွားရေး  လှုံ့ဆော်အားပေးမှုအစီအမံ များ(stimulus measures)  များစွာ ဆောင် ရွက် ခဲ့သော်လည်း  တရုတ်စီးပွား ရေးဖွံ့ဖြိုးမှုသည် ယခုနှစ် ပထမ ခြောက်လ အတွင်း ၇  ရာခိုင်နှုန်းသာ တိုးတက်ရ ရှိခဲ့သည်။ ယခုနှစ်၏ ဖွံ့ဖြိုးမှုနှုန်းသည် ၇  ရာခိုင်နှုန်းအောက် သာ ရှိမည်ဟု ခန့် မှန်းထားခဲ့နိုင်ကြသည်။    အိုအီးစီဒီ၏ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်တွင် တရုတ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၄ ဒသမ ၈၇ ရာခိုင်နှုန်းထိလည်းကောင်း၊ ၂၀၂၆ ခုနှစ် တွင် ၃ ဒသမ ၈၇ ရာခိုင်နှုန်းသို့လည်း ကောင်းကျဆင်းမည်ဟုခန့်မှန်းထားခဲ့သည်။Middle income trap  အား ကမ္ဘာ့ စီးပွားရေး ပညာရှင်များက အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိသော် လည်း ဖြစ်စဉ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးလာပြီး လူလတ်တန်းစား များ များပြားလာသော်လည်း နိုင်ငံတွင်း အလုပ်သမားခများ မြင့်တက်လျက်ရှိ ခြင်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းလာခြင်း တို့ကြောင့် ဝင်ငွေမြင့် လူတန်းစားတစ် ရပ်(high income statue)  ပီပီပြင်ပြင် ထွက်ပေါ်လာရန် အချိန်ကြာမြင့်ခြင်း ကိုဆိုလိုပါသည်။ ၁၉၈၇ ခုနှစ်ကတည်းက ကမ္ဘာ့ ဘဏ် သည် ကမ္ဘာ့နိုင်ငံများအား ဝင်ငွေအနိမ့်အမြင့်ပေါ် မူတည်၍ အတန်းအစားခွဲခြားခြင်းကို စဉ်ဆက် မပြတ် ဆောင်ရွက်လာခဲ့သည်။ ကမ္ဘာ့ ဘဏ်က ဝင်ငွေအတန်းအစားဖြင့် နိုင်ငံ များအုပ်စု ခွဲခြင်းပြုလုပ်ရာတွင် ၂၀၁၄ ခုနှစ် အဓိပ္ပာယ်သတ်မှတ်ချက်အရ (Middle income) ဝင်ငွေအလယ် အလတ်ရှိသော နိုင်ငံများ၏ နိုင်ငံသား တစ်ဦးချင်း ဝင်ငွေGNI သည် အမေရိ ကန်ဒေါ်လာ ၁၂၇၃၅ နှင့် ၁၀၄၆ ကြား ရှိရမည်ဖြစ်သည်။လတ်တလောတွင် ကမ္ဘာ့နိုင်ငံ များကြားMiddle income country မှ ံHigh income country အခြေအနေသို့ လွယ်လွယ် ကူကူကူးပြောင်း ရောက်ရှိ သွားသည့်    နိုင်ငံအနည်းငယ်သာရှိခဲ့ သည်။ ကမ္ဘာ့ဘဏ်၏ ဆန်းစစ်ချက်အရ ၁၉၆၀ ခုနှစ်တွင်Middle income country  အခြေအနေကို ရရှိခဲ့ကြသည့် ၁၀၁ နိုင်ငံတို့အနက် ၂၀၀၈ ခုနှစ်တွငHigh income country  အဆင့်သို့ ကိုရီးယားသမ္မတနိုင်ငံ အပါအဝင် ၁၃ နိုင်ငံသာ ရောက်ရှိ/ရရှိခဲ့ကြသည်။ အာရှဒေသတွင်   ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ ဟောင်ကောင်နှင့် တရုတ် (တိုင်ပေ) တို့သညMiddle income country  မှ  High income country  အခြေအနေသို့ လွယ်လွယ်ကူကူ ကူး ပြောင်းရောက်ရှိသွား သည့် နိုင်ငံ များဖြစ် ကြပြီး၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည်  Middle income trap  ထဲတွင် ရှိနေဆဲနိုင်ငံများ ဖြစ်ကြကြောင်း ဆန်းစစ်ချက်အများစုက ဖော်ပြထားခဲ့ကြ သည်။ လွန်ခဲ့ သည့်နှစ်ပေါင်း ၃၀ အတွင်း သွက်သွက်လက်လက်ဖြင့် စီးပွားရေးဖွံ့ ဖြိုးမှုနှုန်းကို ရယူလာခဲ့သည့် တရုတ်နိုင်ငံ သည် ယခုအခါ ဖွံ့ဖြိုးမှု အရှိန်အဟုန်ရပ် တန့် နေသည့်သဘော ကို တွေ့မြင်နေ ရပါ သည်။ တရုတ်နိုင်ငံသည်iddle in-come trap  ထဲသို့ ကျဆင်းနေပြီလားဆို သည့် စိုးရိမ်မကင်း ဖြစ်မှုများလည်း ဖြစ်ပေါ်လာပါသည်။ သို့သော် ထိုသို့  M iddle in- come trap ထဲသို့ ကျရောက် နိုင်မှုအန္တရာယ်များစွာ နိမ့်ပါးနေပါသည်။ တစ်ဘက်က အစိုးရက စီးပွားရေး ဖွံ့ဖြိုးမှု ပြန်လည်ရရှိလာအောင် ကျယ်ကျယ် ပြန့်ပြန့်အား စိုက် ဆောင်ရွက်နေ သည် လည်း ရှိနေပါသည်။ တရုတ်အစိုးရ အနေဖြင့် ယခုကြိုးပမ်းဆောင်ရွက်မှုများ အပြင် လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုအတွက် ပိုမို ရင်းနှီးမြှုပ်နှံသွားရန်၊ စီမံခန့် ခွဲမှု ယန္တရားအား ပြုပြ င်ပြောင်း လဲမှုများ ဆောင်ရွက်သွားရန်၊ လုပ်သားအခြေပြု စီးပွားရေး လုပ်ငန်းများမှ အသိပညာ အခြေပြု/နည်းပညာ အခြေပြုစီးပွား ရေးလုပ်ငန်းများသို့ပြောင်းလဲ တိုးတက် ဆောင်ရွက် သွား ရန်တို့လည်း လိုအပ် လျက်ရှိပါကြောင်းနှင့် ဝင်ငွေမညီမျှချက် ကို နည်းနိုင်သမျှနည်းအောင် ဆောင် ရွက်သွားရမည်လည်း ဖြစ်ကြောင်း သုံး သပ်ရရှိပါသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့