နယ်သာလန်နိုင်ငံတွင် NBI Expo 2015 ကုန်စည်ပြပွဲကျင်းပ

National Branding & Invest - ment (NBI) International ၏ စီစဉ် ဆောင်ရွက်မှုဖြင့် National Branding & Investment Expo (NBI Expo) 2015     ကုန်စည်ပြပွဲအား  Region Business Dagen 2015 (RBD 2015) နှင့်အတူ နယ်သာလန်နိုင်ငံ အိုင်ဟိုဗန် မြို့တွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်ထိ ပြုလုပ်ကျင်းပ မည်ဖြစ်ပါသည်။RBD သည် Brabant  ဒေသ အရှေ့တောင်ပိုင်း၏ အကြီးမားဆုံးနှင့် အအောင်မြင်ဆုံးစီးပွားရေးဆိုင်ရာ တွေ့ဆုံပွဲတစ်ခုဖြစ်ပြီး ယခုနှစ်တွင် ကမ္ဘာ့နိုင်ငံများရှိ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးမှ တာဝန်ရှိသူ ၅၀၀၀ ခန့် တက်ရောက်မည်ဟု မျှော် မှန်းထားပါသည်။NBI Expo 2015 ၏အဓိက ရည်ရွယ်ချက်တစ်ရပ်မှာ ''စိုက်ပျိုးရေး ဆိုင်ရာ ဆန်းသစ်တီထွင်မှု ဖြစ်ပါ သည်။NBI Expo 2015 သို့တက် ရောက်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံ ၆၀ ခန့်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်သည့် အပြငNBI International  ကဖန်တီးပေးထားသည့် အွန်လိုင်းမှ တစ်ဦးချင်းတွေ့ဆုံမှုအစီအစဉ်ကို အပြည့်အဝအသုံးချနိုင်သည့် အခွင့် အလမ်းကိုလည်း ရရှိနိုင်ကြောင်း သိရှိ ရပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့