ဒုတိယနှစ်ဝက်၌ ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေ တိုးတက်မည့်အလားအလာနည်းမည်ဟုဆို

ထိုင်းနိုင်ငံ၏ စီးပွားရေးနာလန်ထူ လာမှုကို ထိခိုက်စေသော ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ရာ ဒုတိယနှစ်ဝက် ၌ စီးပွားရေးအခြေအနေသည် ပထမနှစ်ဝက်အတိုင်းပင် တိုးတက်မှုနှုန်း နည်းနိုင် သည်ဟု ထိုင်းနိုင်ငံဗဟိုဘဏ်မှ ပြောကြားသည်။ဇူလိုင်လ၌ စီးပွားရေးတိုးတက်မှု    နှေးကွေးခဲ့ခြင်းသည်    ယခုနှစ် ဒုတိယ နှစ်ဝက်တွင် စီးပွားရေးတိုးတက်မှု    အားပျော့မည့်  အရိပ်လက္ခဏာကို ပိုမို ထင်ရှား စေခဲ့ပါသည်။  ထိုင်းနိုင်ငံ၌    စီးပွားရေးအခြေခံကောင်းများ ရှိသော်လည်း ကမ္ဘာ့ စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်း၊အထူးသဖြင့် ဒေသတွင်းနိုင်ငံများ ၏ စီးပွား ရေးအပေါ် အကျိုးသက်ရောက်မှုရှိသော တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှေးကွေးနေခြင်း အမေရိကန်ဗဟိုဘဏ် ၏ အတိုးနှုန်းမြှင့်တင်မည့်အချိန်သေ ချာမှု မရှိခြင်း စ သည့် ပြင်ပအကြောင်းရာများသည်  စီးပွားရေးကို ပိုမိုစောင့်ကြည့် လေ့လာစေရန် လုံလောက်သော အကြောင်းရာများ ဖြစ်ကြောင်းလည်း မစ္စတာပရာ ဆမ်က သုံးသပ်ပါသည်။ ထိုင်းနိုင်ငံ ၏ စီးပွားရေးတိုးတက်မှု သည် ဒုတိယနှစ်ဝက်တွင် ဆက်လက် အားပျော့နေမည်ဖြစ်ကြောင်း၊ အစိုးရ အသုံးစရိတ်နှင့်ခရီးသွားလုပ်ငန်း မြင့်တက်မှု သည် ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပ တင်ပို့မှု အားပျော့နေခြင်းကို ကာမိစေခြင်း မရှိသောကြောင့် ဖြစ် ကြောင်း၊ တရုတ်နိုင်ငံ၏ ယွမ်ငွေတန်ဖိုး လျှော့ချခြင်း၏ ခြိမ်း ခြောက်မှုများ ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

    ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့