ဂျာမနီနိုင်ငံသည် ထိုင်းအော်ဂဲနစ်ထုတ်ကုန်များအတွက် အလားအလာကောင်းသော ဈေးကွက်တစ်ခုအဖြစ် တည်ရှိ

ဂျာမနီနိုင်ငံသည် အော်ဂဲနစ်ထုတ်ကုန်များကို အများဆုံးသုံးစွဲသည့် နိုင်ငံဖြစ်ပြီး၊ ဂျာမန်ဈေးကွက်၏ ဝယ်လိုအားသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၉ ဘီလီယံခန့်ဖြစ်ကြောင်း သိရှိ ရပါသည်။အီးယူ၏ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် အညီ    လွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် ဂျာမန် ကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ရန် ထိုင်းလုပ်ငန်း ရှင်များအား ထိုင်းနိုင် ငံ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ် မှုမြှင့်တင်ရေးဌာန(DITP)  က  တိုက်တွန်းလျက်ရှိပါ သည်။မကြာသေးမီနှစ်များအတွင်း ဂျာမနီနိုင်ငံ၌ ဆန်ဖြူ၊ ဆန်လုံးညို၊ ပေါင်းဆန်များကိုပိုမိုလူသိများ လာကြောင်း ဂျာမနီ၌ စားသုံးလျက်ရှိသည့် နာမည်ကျော် ဆန်အမျိုး အစားများတွင် ထိုင်းစံပယ်ဆန်မွှေး၊ အိန္ဒိယ၏ ဘာစမာ တီဆန်၊ အမေရိကန်၏ပေါင်း ဆန်၊ ဂျပန်ဆန်(ဆန်လုံးပု) တို့ဖြစ်ကြောင်း သိရှိရပါသည်။၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း ဂျာမနီနိုင်ငံသို့ ထိုင်းဆန်တင်ပို့ မှုစုစုပေါင်းတန်ဖိုးသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၈ သန်း ရှိခဲ့ပါသည်။ သို့သော် ၂၀၁၄ ခုနှစ်၌ ဂျာမနီနိုင်ငံသို့ ထိုင်း ဆန် တင်ပို့မှုသည် ၂၁ ဒသမ ၈၆ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၉ သန်း) လျော့နည်းခဲ့ပါသည်။၂၀၁၅  ခုနှစ်၊ ပထမငါးလအတွင်း ဂျာမနီနိုင်ငံသို့ ထိုင်းဆန်တင်သွင်းမှု သည် ပြီးခဲ့သည့်နှစ် ကာလတူက ထက် ၁၄ ဒသမ ဂ၂ ရာခိုင်နှုန်း(အမေရိကန် ဒေါ်လာ ၈ ဒသမ ၄၅သန်း) မြင့် တက်ခဲ့ကြောင်း၊ ဂျာမနီသို့ တင်ပို့ သောထိုင်းဆန် အများစုသည် ဆန်ဖြူ ၁၀၀ ရာခိုင်နှုန်း (တစ်ဝက်/အပြည့်အဝကြိတ်ခွဲပြီးဆန် များ) ဖြစ်ကြောင်း၊ ဆန်လုံးညိုနှင့်ဆန်ကွဲ တင်ပို့မှုလည်းများကြောင်း သိရှိရ ပါသည်။လောလောဆယ်တွင်   အီးယူနှင့်   ဂျာမနီနိုင်ငံ တို့သည် အရှေ့ဥရောပ နိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆန်အထူးရောင်းဝယ်ခွင့်ပြုမည့် ခွဲတမ်းသတ်မှတ် ချက်  (Special rice quota) နှင့်ပတ်သက်၍ ဆောင်ရွက် လျက်ရှိပါသည်။ ဂျာမနီသည် စားသုံးသူအန္တရာယ်ကင်း ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ သဘာဝအရင်း အမြစ်များ ထိန်းသိမ်းရေး စသည့် အချက်များ အတွက် စိတ်ချရမှုရှိစေရန် ဆန်ရောင်းဝယ်ခြင်းဆိုင်ရာ အထူး ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲလျက် ရှိပါသည်။ဂျာမနီသို့ တင်ပို့လို ပါက စားသောက်ကုန် များ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များသည် ခေတ်မီ သန့်ရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်ရန် လိုအပ် ကြောင်း၊ အန္တရာယ်ကင်းသော စားသောက်ကုန်များ ဖြစ်ရန်လို ကြောင်း၊ဂျာမနီနိုင် ငံ၌ ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးထိန်းချုပ်သော ဌာနဖြစ်သည့်Lebensmit-telUberwachung-sbehOrdeသည် အကောက်ခွန်စစ် ဆေး ရေးဂိတ်များနှင့်စတိုးဆိုင်များ၌ ဆန်အရည် အသွေး ကို အလျဉ်းသင့်သလို စစ်ဆေးကြောင်း သိရှိရပါသည်။ဂျာမနီ၌ ဓာတုပစ္စည်းများ၊ မျိုးရိုးဗီဇပြုပြင်ထား သော ဇီဝပစ္စည်းများ; (GMO) ရေဒီယိုသတ္တိကြွၤမှု၊ သဘာ ၀ မြေသြ ဇာကို အသုံးပြု၍ စိုက်ပျိုးထုတ် လုပ်ထားသော ဆန်  (Organic rice)စသည်တို့ကို ထိန်းချုပ်ထားသော သွင်းကုန်စည်းမျဉ်းစည်းကမ်းများ ရှိပါ သည်။ပျမ်းမျှအားဖြင့် ဂျာမန် လူမျိုး တစ် ယောက်၏ ဆန် စားသုံးမှုသည် တစ်နှစ် လျှင် ၃-၅ ကီလိုဂရမ်ဖြစ်ပါသည်။ ဂျာမန် လူမျိုးများသည် ၎င်းင်းတို့၏ ပြည်ပခရီးစဉ်များ တွင် စားသုံးခဲ့ရသော   ဆန်နှင့်အခြားသော အာရှအစား အသောက် များ အထူးသဖြင့်  ထိုင်းအစားအစာများကို ပိုမိုသိရှိလာကြသဖြင့်  ဆန်စားသုံးမှု မြင့်တက်ဖွယ်ရှိ သည်ဟု ယူဆနိုင် ပါသည်။ပြီးခဲ့သည့် ဆယ်နှစ် အတွင်း ဥရောပ၌ ပြုလုပ် ခဲ့  သော လေ့ လာမှုများအရ ဆန်သည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာဖြစ်ပြီး ဓာတ်မတည့်၍ ဖြစ် ပေါ်သော တုံ့ပြန်မှုမတွေ့ရှိရ ကြောင်း၊ အဆိုပါလေ့လာမှု သည် ဂျာမန်လူမျိုးများအား ဆန် စားသုံးရန် အားပေး လျက်ရှိကြောင်း၊ ဂျာမနီသည် အော်ဂဲနစ်ထုတ်ကုန် များအတွက် အလားအလာကောင်းသော ဈေးကွက် ဖြစ်ကြောင်း သိရှိရပါသည်။   

ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့