ထားဝယ်စီမံကိန်းတွင် ငွေံကြေးထောက်ပံ့ရန်SCB ဘဏ်စိတ်အားထက်သန်လျက်ရှိ

ထိုင်းနိုင်ငံမSiam Commercial Bank (SCB) သည် မြန်မာနိုင်ငံ၏ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူး စီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမည့်fh Italian- Thai Development Plc(ITD) ကုမ္ပဏီ အား ငွေကြေးပံ့ပိုးပေးနိုင်ရန် ပြင်ဆင် လျက်ရှိကြောင်း သိရှိရပါသည်။ထားဝယ်စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက် ၍ တိုးတက်မှုများတွေ့မြင်ပြီး နောက် SCBသည် ချေးငွေထုတ်ပေး ခြင်းကို ပြန်လည်စတင်မည်ဖြစ်ကြောင်း SCBဘဏ်အနေဖြင့် စီးပွားရေးအရ အလားအလာရှိသော စီမံကိန်းများ၊ အထူးသဖြင့် ရေပေးဝေမှုနှင့်လျှပ်စစ် ဓာတ် အား ဆိုင်ရာ အခြေခံအဆောက် အအုံ ဖွံ့ဖြိုး ရေးစီမံကိန်းများ၊ စက်မှု နယ်မြေစသည် တို့ကို ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း SCB၏ ဒုတိယဥက္ကဋ္ဌ နှင့်အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr.Arthid က ပြော ကြားခဲ့ပါသည်။SCBဏ်သည် ဒေါ်လာဘီလီ ယံပေါင်းများစွာ အသုံးပြုရမည့် စီမံ ကိန်းကြီးနှင့်ပတ်သက်၍ စီမံကိန်း စတင်သည့် အချိန်မှစ၍ ITD  ကုမ္ပဏီ ၏ ငွေကြေး ဆိုင်ရာအကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် စီမံကိန်းအကောင်အထည်ဖော်မှု ရပ် ဆိုင်းသွားသည့် ကာလအတွင်း သက် ဆိုင်ရာ အာဏာပိုင်များ၏ ပိုမိုရှင်း လင်းသော ဦးတည်ချက်ကို စောင့်မျှော် နေခဲ့ပါသည်။ITDသည် လာမည့်သုံးလမှ ခြောက်လအတွင်း ထားဝယ်စီမံကိန်း အတွက် (စီမံကိန်းအကောင် အထည် ဖော်မှုအတွက် ငွေကြေးဖြည့် တင်းရန် ) ငွေကြေးေ ထာက်ပံ့ မှုဆိုင်ရာ တင်ဒါ ခေါ်ယူလိမ့်မည်ဟMr.Arthid ကခန့် မှန်းထားပါသည်။ထားဝယ်စီမံကိန်း၌ ရင်းနှီးမြှုပ်နှံ မှုနှင့်ပတ်သက်၍ITDသည် လိုအပ် သော ရင်းနှီးငွေ၏ ၇၀ ရာခိုင်နှုန်းကို ချေးယူ ရန် စီစဉ်ထားကြောင်း ကျန် ၃၀ ရာခိုင်နှုန်းကို ၎င်းင်း၏ကိုယ်ပိုင်နှင့်၎င်းင်း၏ အုပ်စုရန်ပုံငွေမှ ရယူမည်ဖြစ်ကြောင်း သိရှိရပါသည်။အမေရိကန်ဒေါ်လာသန်း ၅၀၀ ကုန်ကျမည့် (၄၅၀) မဂ္ဂါဝပ် ဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အပါ အဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အသုံး စရိတ်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံရှိမည်ဟု ITD  မှ ခန့် မှန်းထားပါသည်။ ထို့ပြင ITD  သည် ထားဝယ်အထူးစီးပွားရေးဇုန်ကို အပြည့်အဝအကောင်အထည်ဖော်ပြီး ပါက ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံတွင် ထပ်မံ ရင်းနှီး မြှုပ်နှံ ရန် ရည်ရွယ်ထားပါသည်။

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့