ဒေါ်လာတန်ဖိုး မြင့်တက်မှုနဲ့ ယွမ်တန်ဖိုးနိမ့်ကျမှုကြောင့် အမေရိကန်စီးပွားရေးဖွံ့ ဖြိုးမှု အလားအလာကို ထိခိုက်စေ

အမေရိကန်ဒေါ်လာတန်ဖိုး မြင့် တက်မှုနဲ့   တရုတ်ငွေကြေးတန်ဖိုးချမှု တွေကြောင့် အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအလားအလာကို ထိခိုက်စေခဲ့ကြောင်းနဲ့     ယခုနှစ်မှာ အတိုးနှုန်းကို တိုးမြှင့်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ဗဟို ဘဏ်ထိပ်တန်း အရာရှိတစ်ဦးက သြဂုတ်လ ၂၄ ရက်နေ့က ပြောကြား ချက်ကို  ကိုးကားပြီး     အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။၂၀၀၉ ခုနှစ်နှစ်လည်က ဖြစ်ပွား ခဲ့တဲ့ မဟာစီးပွားပျက်ကပ်ကနေ အမေ ရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး နာလန်ထူမှုက နှစ်အလိုက်  ပျမ်းမျှ တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းရှိ မှာဖြစ်တဲ့အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်းစီးပွားရေးနာလန်ထူမှု အခြေအနေတွေနဲ့ကြည့်ရင် ဖွံ့ဖြိုးမှု နှေးကွေးနေတဲ့သဘော ရှိကြောင်း အတ္တ လန္တာ ဗဟိုဘဏ် ဥက္ကဋ္ဌနဲ့ ပြည် ထောင်စုလွတ်လပ်တဲ့ ဈေးကွက်ကော် မတီဝင်    (Faderal Open Market Committee) ဒန်းနစ်လောခ်ဟတ်က ပြောပါတယ်။''လောလောဆယ် မှာ  ဒေါ်လာ တန်ဖိုးမြင့် တက်မှု၊ တရုတ်ယွမ်ငွေကြေး တန်ဖိုးချထားမှုနဲ့    ရေနံဈေးနှုန်းတွေ ဆက်လက်ကျဆင်းနေမှု   စတဲ့ အဖြစ် အပျက်တွေက စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှုန်း  အတက်အကျကို  ခန့်မှန်းရာမှာ အရေးပါတဲ့အချက်တွေ ဖြစ်ပါတယ်။'' လို့ ကယ်လီဖိုးနီးယားပြည်နယ်ဘာက လေမှာကျင်းပတဲ့ ဖိုရမ်တစ်ခုမှာ လော့ ဟတ်က ပြောပါတယ်။''ကျွန်တော့်တစ်ဦး တည်း အမြင် အရ ဖွံ့ဖြိုးမှု အတန် အသင့်တော့ရှိမယ်။ အရှိန်အဟုန်ရဲ့  တိုးတက်မှုမရှိနိုင်ဘူးလို့ ထင်ပါတယ်။  ဒီအလားအလာအတိုင်း သာဖြစ်မယ်ဆိုရင် ငွေကြေးမူဝါဒ ပုံမှန် အနေအထားရောက်ရှိမှု တစ်နည်း အား ဖြင့်    အတိုးနှုန်းမြှင့်တင်မှုက ယခုနှစ် အတွင်း တစ်ချိန်မဟုတ်တစ်ချိန်ဖြစ်လာ မှာပါ ''ဟုသူကပြောသည်။